A d v e r t i s e m e n t With Us

ဘရာဇီး- ကိုလံဘီယာ၊ ပြင်သစ်-ဂျာမနီ (သုံးသပ်ချက်)

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ၁၆ သင်း ရှုံးထွက်ပွဲစဉ်တွေအားလုံး ပြီးသွားပြီဖြစ်တာကြောင့် ကွာတားဖိုင်နယ်ပွဲစဉ် ၄ ပွဲ ကစားကြမှာဖြစ်ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့မှာ အိမ်ရှင် ဘရာဇီးနဲ့ ကိုလံဘီယာ၊ ပြင်သစ်နဲ့ ဂျာမနီ၊  ဇူလိုင် ၅ ရက် နေ့မှာ နယ်သာလန်နဲ့ ကော်စတာရီကာ၊  အာဂျင်တီးနဲ့ ဘယ်လ်ဂျီယံတို့ တွေ့ကြမှာပါ။ WORLD CUP 04 copyအိမ်ရှင် ဘရာဇီးနဲ့ ကိုလံဘီယာ၊ ပြင်သစ်နဲ့ ဂျာမနီပွဲစဉ်တွေ နဲ့ ပတ်သက်ပြီး မြန်မာ့ လက်ရွေးစင် ဘော လုံးသမားဟောင်းတွေရဲ့ သုံးသပ်ချက်တွေကို တင်ဆက်ပေး မှာဖြစ်ပါတယ်။ အိမ်ရှင် ဘရာဇီး အသင်းကတော့ အုပ်စု A မှာ အုပ်စုဗိုလ်အဖြစ်  ပထမရပြီး  ရှုံးထွက် အဆင့်ကို တက်လာတာဖြစ်ပြီး ရှုံးထွက်ပွဲစဉ်မှာ ချီလီအသင်းကို အကြိတ်အနယ် ယှဉ်ပြိင်ပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကွာတားဖိုင်နယ် တက်လာခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာ အသင်းကလည်း အုပ်စုတွင်းမှာရော ရှုံးထွက် အဆင့်မှာပါ ရှုံးပွဲမရှိ အောင်လံထူထားပြီး နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်နဲ့ အီတလီအသင်းကို ဒုက္ခပေးခဲ့တဲ့ ဥရုဂွေးအသင်းကို ဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ် တက်လာခဲ့တာပါ။ ဘရာဇီးနဲ့ ကိုလံဘီယာ ပွဲစဉ်နဲ့ ပတ်သက်လို့ မြန်မာ့ဘောလုံးလက်ရွေးစင်ဟောင်း   ဦးတင်မြင့်အောင်က ခုလို သုံးသပ်ထားပါတယ်။ “ဘရာဇီးက သူ့ရဲ့ ခြေစွမ်းအရ နောက်တန်းကတော့ ကောင်းတယ်။ အသင်းလိုက်ကျတော့ နည်းနည်းလေး အခက်အခဲရှိတယ်။ အသင်းဖွဲ့မှု ကောင်းတဲ့ ကိုလံဘီယာကို ဘရာဇီးအနေနဲ့ ကစားရတာ နည်းနည်းခက်ပါလိမ့်မယ်။ တခုရှိတာက ဘရာဇီးက အိမ်ရှင်အားသာချက်တော့ ရှိတာပေါ့။ ကိုလံဘီယာအသင်းမှာကလည်း ရော်ဒီဂတ်ဇ် တယောက်တည်းနဲ့ မဟုတ်ဘူး၊ ကစားသမားတွေလည်း နည်းနည်းလေးကောင်းတဲ့သဘောရှိတယ်။ ဘရာဇီးနောက်တန်းက တော်တော်ခက်ခက်ခဲခဲ ကစားရမယ့် အနေအထားရှိတယ်။” တခါ ပွဲကြီးပွဲကောင်းအဖြစ်  ဥရောပ နှစ်သင်း တွေ့ကြမယ့် ပြင်သစ်နဲ့ ဂျာမဏီ ကွာတားဖိုင်နယ်ပွဲစဉ် အကြောင်းပြောရမယ်ဆိုရင် ဂျာမနီကတော့  ဒီနှစ်ကမ္ဘာ့ဖလား ရနိုင်တယ်လို့ ရေပန်းစားနေတဲ့ အသင်းဖြစ်ပြီး ပြင်သစ်ကတော့ ကမ္ဘာ့ဖလားပွဲမစခင်က လူကြိုက်မများပေမယ့်  မထင်မှတ်ဘဲ ခြေစွမ်းကောင်းလာတဲ့ အသင်းဖြစ်ပြီး အခုဆိုရင် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေရဲ့ စာရင်းထဲမှာ ပါဝင်လာပါတယ်။ အုပ်စု (G) မှာ ပထမရခဲ့တဲ့ ဂျာမနီက ရှုံးထွက်ပွဲစဉ်မှာ အယ်လ်ဂျီးရီးယားကို  အကြိတ်အနယ် ကစားခဲ့ရပြီး အချိန်ပိုကျမှ အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။  ပြင်သစ်ကတော့ အုပ်စု E မှာ ဗိုလ်စွဲခဲ့ပြီး ရှုံးထွက်ပွဲမှာ  နိုင်ဂျီးရီးယားကို ၂ ဂိုးပြတ်သွင်းပြီး ကွာတားဖိုင်နယ် တက်လာခဲ့တာပါ။ ဒီနှစ်သင်းတွေ့ဆုံမယ့် ပွဲစဉ်အခြေအနေနဲ့ပတ်သက်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံသမားဟောင်း ဦးမျိုးလှိုင်ဝင်းက ခုလို သုံးသပ်ပါတယ်။ “ပြင်သစ်က နောက်တန်းရော တိုက်စစ်ရော မျှတတဲ့အသင်းဖြစ်တယ်။ ဂျာမနီအသင်းက လက်ရှိမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာတော့ ပြောစရာမရှိဘူး။ စိတ်ဓာတ်ကြံ့ခိုင်မှုကတော့ ပြင်သစ်ထက် အများကြီးသာတယ်။ ဂျာမနီက တကယ်လို့ ပြင်သစ်တိုက်စစ်ကို သေချာ ထိန်းချုပ်နိုင်မယ်ဆိုရင် ဂျာမနီက နိုင်မယ့်အနေအထား ရှိတယ်။ ပြင်သစ်မှာ လည်း ဘောလုံးပွဲကို ပြောင်းလဲနိုင်တဲ့၊ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ များတော့ နှစ်သင်းမျှတယ်လို့ ပြောရမယ်။ အနိုင်အရှုံးကတော့ ပြောရတာ ခက်တယ်။ ဒါပေမယ့် ဂျာမနီက အစဉ်အလာအရ နည်းနည်းလေးသာမယ်လို့တော့ ထင်တယ်။” ပြင်သစ် နည်းပြ ဒတ်ချန့်စ်ကတော့ လောလောဆယ် ဂျာမနီနဲ့ ရင်ဆိုင်မယ့် ပွဲအတွက် အာရုံစိုက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး နောက်အဆင့်တွေအတွက် မစဉ်းစားသေးဘူးလို့ ပြောပါတယ်။ “ကစားသမားတွေနဲ့ ကျနော့်စိတ်ထဲမှာ သောကြာနေ့မှာ ကစားမယ့် ပွဲစဉ်အကြောင်းပဲ  ရှိပါတယ်။ နောက်အဆင့်တွေအတွက် စဉ်းစားထားတာ လုံးဝ မရှိပါဘူး။ တကယ်လို့ ကျနော်တို့မှာ ဆန္ဒရှိရင်တော့ ဒါဟာ ဘ၀ရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်မှာပါ။”

A d v e r t i s e m e n t With Us

More News
Up