Home
မြန်မာသတင်း
မန္တလေးတိုင်း ၆ မြိ့နယ်တွင် ညမထွက်ရအမိန့်ထုတ်
အေးနိုင်
·
July 3, 2014
မန္တလေးတိုင်း မြို့နယ် ၆ မြို့နယ်မှာ ညကိုးနာရီကနေ မနက် ငါးနာရီအတွင်း အပြင်မထွက်ရအမိန့် ကာဖျူးကို ဒီညနေ ထုတ်လိုက်တယ်လို့ မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ 10500518_727457623959407_4905384926071999189_nမန္တလေးတိုင်းဒေသကြီး ညမထွက်ရအမိန့် ထုတ်ပြန်ကြောင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဇော်ဇော်ထွန်း က ပြောဆိုလိုက်တာပါ။ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တာပါ။ ဇူလိုင်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ နှစ်ရက် ဆက်တိုက် ရုန်းရင်းဆန်ခတ် ပစ်ခတ်ဖျက်ဆီးမှုတွေကြောင့် ကားတွေ ဆိုင်တွေပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရခဲ့ကြသလို အသေအပျောက်ရှိခဲ့ပါတယ်။ မနေ့ညနဲ့ ဒီကနေ့မနက်မှာ လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။ ဗိုလ်ကြီးဇော်ဇော်ထွန်းနှင့်မေးမြန်းချက် အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024