ကင်ညာနိုင်ငံ အဆောက်အဦတခုအပေါ် ကုန်တင်လေယာဉ် ပျက်ကျ

ကင်ညာနိုင်ငံရဲ့မြို့တော် နိုင်ရိုဘီက စီးပွားရေးအဆောက်အဦတလုံးပေါ်ကို ကုန်တင် လေယာဉ်တစီး ဇူလိုင် ၂ ရက်နေ့က ပျက်ကျခဲ့ပါတယ်။ Security personnel secure scene where a cargo plane crashed into a commercial building at Utawala estate on outskirts of Kenya's capital Nairobiလေယာဉ်ဝန်ထမ်း ၄ ဦး သေဆုံးမယ်လို့ ထင်ကြောင်း ကင်ညာလေဆိပ်များ အာဏာပိုင်အဖွဲ့ (ကေအေအေ) ကပြောပါတယ်။ ၀င်တိုက်မိတဲ့အားကြောင့် မီးကျွမ်းသွားတဲ့ ၂ ထပ်အဆောက်အဦရဲ့အပြင်ဘက်မှာ လေယာဉ်အမြီးနဲ့ တောင်ပံတွေ ထက်ပိုင်းကျိုးသွားပါတယ်။ ကင်ညာမီဒီယာကတော့ လေယာဉ်ဝန်ထမ်း ၄ ဦး သေဆုံးတယ်လို့ အစီရင်ခံပါတယ်။ Security personnel attempt to retrieve bodies from wreckage of a cargo plane that crashed into a commercial building on outskirts of Nairobiဂျိုမိုကင်ညတ် တာ နိုင်ငံတကာလေ ဆိပ်ကနေ ပျံတက်လာတဲ့ ဖော်ကာ ဖစ်ဖတီ ကုန်တင်လေယာဉ်ဟာ ဥတာဝါလာမြို့က စီးပွားရေး အဆောက်အဦပေါ် ပျက်ကျခဲ့ တာလို့ ကေအေအေက သူရဲ့ တွစ်တာအကောင့်မှာ ဖော်ပြထားပါတယ်။ ရဲတွေက အခင်းဖြစ်ရာ နေရာကို ရှင်းလင်းနေပြီး မီးသတ်သမားတွေက မီးတောက်တွေကို ငြိမ်းသတ်ခဲ့တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ Security personnel attempt to retrieve bodies from wreckage of a cargo plane that crashed into a commercial building on outskirts of Nairobiလေယာဉ်ဟာ ပျံတက်ခါစ လေ ဆိပ်နားက အမ်ဘာကာစီ ရပ်ကွက် ထဲ ဈေးဆိုင်တွေပေါ်ကို ပျက်ကျခဲ့ တာ ဖြစ်ပါတယ်။ ဂျေကေအိုင်အေလေ ဆိပ်ဟာ အရှေ့ အာဖရိကရဲ့ လူစည်ကားမှုအများဆုံးလေဆိပ် ဖြစ်ပြီး ဒေသတွင်း ခရီးသွားလာမှုအတွက် အသက်သွေးကြော ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up