A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန်တွင် စစ်တပ်ကား တိုက်ခိုက်ခံရ၊ ၈ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်အနောက်ဘက်မှာ စစ်တပ်ဘတ်စ်ကားကို ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က အသေခံတိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦး သေဆုံးပြီး တခြား ၁၃ ဦး ဒဏ်ရာရတယ်လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ Afghan National Army soldiers (ANA) stand guard at the site of a suicide attack in Kabulအာဖဂန်လေတပ်ပိုင်ဘတ်စ်ကားကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဆီဒင်ကားနဲ့ ၀င်တိုက်ခဲ့တာ ဖြစ်ပြီး သူကိုယ်တိုင်က ပွဲချင်းပြီး သေဆုံးတယ်လို့ ကဘူးလ်ရဲဌာနပြောခွင့်ရ ဟာရှိမီ စတာနက်ဇိုင်းက ပြောပါတယ်။ ပေါက်ကွဲမှုဟာ ကဘူးလ်တက္ကသိုလ်မြောက်ဘက်ဝင်ပေါက်နား မီတာ ၂၀၀ အကွာမှာ မနက် ၆ နာရီခွဲလောက်က ဖြစ်ပွားတာပါ။ ဒုတိယပေါက်ကွဲမှု ဖြစ်မှာ စိုးရိမ်လို့ အခင်းဖြစ်ရာနေရာကို လူတွေ မသွားအောင် ရဲတွေက တားနေပါတယ်။ ဒီတိုက်ခိုက်မှုအတွက် တာဝန်ခံတယ်လို့ တာလီဘန်သူပုန်အုပ်စုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up