ခရီးသည်အိတ်များ ဖွင့်ဖောက်ခိုးယူသည့် ဂိုဏ်းအဖွဲ့ ဖမ်းမိ
DVB
·
July 2, 2014
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်နဲ့ ထွက်ခွာဆောင်မှာ ခရီးသည်တွေ အပ်နှံထားတဲ့ ခရီးဆောင်အိတ်တွေကနေ ငွေနဲ့ အဖိုးတန်ပစ္စည်းတွေကို အကြိမ်ကြိမ် ခိုးယူနေတဲ့ ၄ ယောက်ပါ ဂိုဏ်းအဖွဲ့တဖွဲ့ကို ဖမ်းဆီးလိုက်နိုင်ပြီလို့ လေဆိပ်ရဲတပ်ဖွဲ့က တာဝန်ရှိသူ တဦးက အတည်ပြုပြောဆိုပါတယ်။
[caption id="attachment_53766" align="alignright" width="300"] ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်[/caption]
ဒီအဖွဲ့ဟာ လေ ယာဉ်ပေါ် ကနေ ခရီးဆောင် အိတ်တွေ မြေပြင်ကို ချပြီး လေဆိပ်ထဲ သယ်ယူတဲ့အ ခါနဲ့ လေဆိပ်ထဲက ခရီးဆောင် အိတ်တွေ လေ ယာဉ်ပေါ်တင်တာကို ၀န်ဆောင်မှု လုပ်နေတဲ့ နေ့စား ၀န်ထမ်းတွေလို့ ဆိုပါတယ်။
အမှုတခုမှာဆိုရင် တရုတ်ပြည်ကို ထွက်ခွာမယ့် လေယာဉ်ပေါ်ကို တင်မယ့် ခရီးဆောင်အိတ်တွေကို လူ ၂ ယောက်က မွှေနှောက် ဖွင့်ရှာပြီး ဒေါ်လာ ၄ ထောင် ခိုးယူခဲ့ တယ်လို့ ဆိုပါတယ်။
လူ ၂ ယောက်က အဲလို အိတ်ဖွင့် ခိုးယူစဉ် ကျန် ၂ ယောက်က ကင်းစောင့်ပေးရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
လောလောဆယ် ဒီ လူ ၄ ယောက်ကို မင်္ဂလာဒုံမြို့မရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေပြီး ကျန် ဆက်စပ်နေတဲ့သူတွေကိုလည်း ဖော်ထုတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၂၈ ခု ၀င်ထွက် ဆိုက်ရောက်နေပါတယ်။