မြန်မာပြည်ရဲ့ နိုင်ငံခြား ကုန်သွယ်မှု ဒေါ်လာ ၁ ဘီလီယံခန့် လိုငွေပြနေ
DVB
·
July 2, 2014
၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလကနေ မေလ အတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉၄၇ သန်းခွဲကျော်ပြနေတယ်လို့ ဗဟိုစာရင်းအင်း အဖွဲ့က တင်ပြတဲ့ ပို့ကုန်သွင်းကုန် အခြေအနေ အစီရင်ခံစာကို ကိုးကားပြီး မြန်မာ့သတင်းစဉ်က သတင်း ထုတ်ပြန်ပါတယ်။
အဆိုပါကာလ အတွင်း မြန်မာပြည် ကနေ နိုင်ငံရပ်ခြားကို ပို့တဲ့ စုစုပေါင်း ပို့ကုန်တန်ဖိုးဟာ အမေ၇ိကန် ဒေါ်လာ သန်း ၁၅၄၀ နီးပါးရှိပြီး စုစုပေါင်း သွင်းကုန်တန်ဖိုး ကတော့ ဒေါ်လာ သန်း ၂၄၈၇ သန်းခွဲကျော်ရှိနေ တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိ က ပြည်ပို့ ကုန်တွေကတော့ သဘောဝဓာတ်ငွေ့၊ သတ္တုနဲ့ကျောက်မျက်ရတနာ၊ မွေးမြူရေးနဲ့ ရေထွက်ကုန်ပစ္စည်းတွေ၊ သစ်နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလက စလို့ မြန်မာ့သစ်ပြည်ပကို အလုံးလိုက်တင်ပို့ရောင်းချမှုတွေကို တားမြစ်ထားတဲ့အတွက် ခုဘဏ္ဍာနှစ်မှာ အရင်ကထက် ပို့ကုန်တန်ဖိုး လျော့နည်းကျဆင်းသွားနိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။