အစ္စရေး ဆယ်ကျော်သက် ၃ ဦးဈာပန လူ သောင်းချီ တက်ရောက်

အစ္စရေး ဆယ်ကျော်သက်လူငယ် ၃ ဦးရဲ့ ဈာပနကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ကျင်းပခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုအပါအ၀င် လူသောင်းနဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။ An Israeli woman holds a sign with images of three missing Israeli teenagers, at a rally in Rabin Square in the coastal city of Tel Avivဆယ်ကျော်သက် လူငယ် ၃ ဦးကို ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ အစ္စရေးဘက်က စွပ်စွဲထားပါတယ်။ ဟားမတ်အဖွဲ့ကတော့ ဒီ စွပ်စွဲချက်ကို အတည်ပြုချက်မပေးသလို ငြင်းဆန်တာလည်း မရှိပါဘူး။ ဈာပနအခမ်းအနားမှာ ၀န်ကြီးချုပ် နာတန်ယာဟုက ဟားမတ်အဖွဲ့က ပြန်ပေးဆပ်ရမယ်လို့ ပြောပါတယ်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသက နေရာတော်တော်များများကို ဇူလိုင် ၁ ရက်နေ့မှာ လေကြောင်းက ဗုံးကြဲခဲ့ပြီး ပါလက်စတိုင်း ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ 531281927ဇွန် ၁၂ ရက်နေ့ကတည်း က ပျောက်ဆုံးနေ ခဲ့တဲ့ အစ္စရေး ဆယ်ကျော်သက် ၃ ယောက်ရဲ့ အလောင်းတွေကို ဇွန် ၃၀ ရက်နေ့ မှာ ပြန်တွေ့ရပြီးနောက် ဟားမတ်အဖွဲ့ရဲ့ စခန်းတွေကို အစ္စရေးဘက်က တိုက်ခိုက်နေ တာ ဖြစ်ပါတယ်။ ဇွန် ၃၀ ရက်နေ့ နှောင်းပိုင်းနဲ့ ဇူလိုင် ၁ ရက်နေ့မှာ အစ္စရေး လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို အရေးပေါ်ခေါ်ယူခဲ့ပြီး ပါလက်စတိုင်းကို ဘယ်လို လက်တုံ့ပြန်မလဲ ဆိုတဲ့အပေါ်မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်းက ညှိနှိုင်းတဲ့ အခန်းကဏ္ဍမှာရှိတဲ့ အီဂျစ်တို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up