A d v e r t i s e m e n t With Us

ဆွာရက်အပြောင်းအရွှေ့ ဘာစီလိုနာနှင့် လီဗာပူး ဆွေးနွေး

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဆွာရက်ရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် လီဗာပူးအ သင်းနဲ့ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။ suarez-1200နှစ်ဖက်စလုံးက တာဝန်ရှိသူတွေဟာ အသက် ၂၇ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးရဲ့ အသင်းပြောင်းရေး အပေါ်မှာ ညှိနှိုင်းကြတာ ဖြစ်ပါတယ်။ ဆွာရက် ဟာ လောလောဆယ်မှာ အီတလီ နောက်တန်း သမား ချီလီနီကို သွားနဲ့ ကိုက်တဲ့ လုပ်ရပ်အတွက် ပွဲပယ်ပြစ်ဒဏ် ၄ ပွဲ ကျခံနေရပါတယ်။ လီဗာပူးအသင်းကတော့ ဆွာရက်ကို ပေါင်သန်း ၈၀ လောက်နဲ့ ကမ်းလှမ်းလာရင် လက်ခံသွားဖွယ် ရှိနေပါတယ်။ ဘာကာကတော့ ချီလီ တောင်ပံသမား ဆန်းချက်ကို အလိုက်ပေးပြီး ပေါင် သန်း ၆၀နဲ့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ လီဗာပူးအသင်းက ဆွာရက်ကို ၂၀၁၁ မှာ အေဂျက်အသင်းကနေ ပေါင် ၂၂ သန်းကျော်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up