ပြည်တော်ပြန်အလုပ်သမားအရေး ထိုင်း-ကမ္ဘောဒီးယား ဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းယာယီနိုင်ငံခြားရေးဝန်ကြီးဟာ ဇူလိုင် ၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ပြည်တော်ပြန် အလုပ်သမားတွေ အရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။ Cambodian migrant workers carry belongings as they walk to cross border at Aranyaprathet in Sa Kaewထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပိုင်း တရားမ၀င် ကမ္ဘောဒီးယား အလုပ်သမားတွေ အပေါ် ဖြိုခွင်းတော့ မယ်ဆိုတဲ့ ကောလာ ဟလတွေကြောင့် ကမ္ဘောဒီးယား အလုပ်သမား ၂ သိန်းလောက် ပြည်တော်ပြန်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဏမျိုးစုံမှာ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ ၀င်ရောက် အလုပ်လုပ်နေကြတာကြောင့် ထိုင်းစီးပွားရေးဟာ ဒီပြည်ပအလုပ်သမားတွေပေါ် မှီခိုနေရတာပါ။ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ ကမ္ဘောဒီးယားအလုပ်သမားတွေ သိန်းနဲ့ချီပြီး ပြန်လာကြတာဟာ တရားဝင်လက်မှတ်တွေ ပြန်လာလုပ်တာ ဖြစ်တဲ့အတွက် နားလည်တယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ တရားမ၀င်လက်မှတ်ကိုင်ဆောင်မှုနဲ့ အဖမ်းခံထားရတဲ့ ကမ္ဘောဒီးယားအလုပ်သမား ၁၄ ဦးအရေးကိုလည်း ဖြေရှင်းပေးပါမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကတိပေးခဲ့ပါတယ်။ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up