Home
မြန်မာသတင်း
ပျူမြို့ဟောင်း ခရီးစဉ်များကို စပြီး ရောင်းကြရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
DVB
·
July 1, 2014
ခရီးသွားလုပ်ငန်း အေဂျင်စီတွေအနေနဲ့ လာမယ့် ခရီးသွားရာသီက စပြီး ပျူမြို့ဟောင်း ခရီးစဉ်တွေကို စပြီး ရောင်းချကြဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က တိုက်တွန်းလိုက်ပါတယ်။ Pyu copyဇွန် ၃၀ ရက်နေ့က ခရီးသွားလုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံပွဲမှာ သူက ခုလို တိုက်တွန်းလိုက် တာ ဖြစ်ပြီး ၂၀၁၅ ဇန်န၀ါရီမှာ ကျင်းပမယ့် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်မှာ သရေခတ္တရာ၊ ဟန်လင်းနဲ့ ပိသာနိုးဒေသတွေကို အဓိက မိတ်ဆက် တင်ပြသွားမယ်လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့အစည်းအဝေးကနေ သရေခတ္တရာ၊ ဟန်လင်း၊ ပိသာနိုးစတဲ့ ပျူမြို့ဟောင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် ရှေးဟောင်းအမွေအနှစ် မြို့တော်အဖြစ် ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ကြီးက သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရှေးဟောင်းနယ်မြေ ဧရိယာနဲ့ ဆက်စပ်တဲ့ ပြည်၊ ရွှေဘိုနဲ့ မကွေးမြို့တွေမှာ နိုင်ငံခြားသားတွေ တည်းခိုနိုင်တဲ့ ဟိုတယ်တွေ တည်ဆောက်ကြဖို့လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024