A d v e r t i s e m e n t With Us

အမေရိကန် စစ်သား ၃၀၀ အီရတ်နိုင်ငံ ဘဂ္ဂဒက်ကို စေလွှတ်

အမေရိကန်အစိုးရက အီရတ်နိုင်ငံတွင်း အမေရိကန်သံရုံးနဲ့ မြို့တော် ဘဂ္ဂဒက်ဒေသအတွင်းက အမေရိကန်နိုင်ငံသားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ နေက်ထပ် အမေရိကန်စစ်သား အယောက် ၃၀၀ ကို စေလွှတ်လိုက်တယ်လို့ အမေရိကန်အရာရှိတွေ မနေ့ကပြောပါတယ်။ usarmyဒါကြောင့် အီရတ်နိုင်ငံတွင်း အမေရိကန်စစ်သည်အရေ အတွက်ဟာ ခန့်မှန်းခြေ အယောက် ၇၅၀ ရှိပြီလို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။ ဒါ့အပြင် မြို့တော် ဘဂ္ဂဒက်က သံရုံးဝန်ထမ်းတချို့ကို အီရတ်မြောက်ပိုင်း အာဘီနဲ့ တောင်ပိုင်းက ဘာဆရာမြို့တွေမှာ ရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးတွေဆီကို ယာယီ ရွှေ့ပြောင်းထားလိုက်ပြီလို့ အမေရိကန်အစိုးရရုံးက ကြေညာပါတယ်။ ဒီလအစောပိုင်းကလည်း သံရုံးဝန်ထမ်း တချို့ကို မြို့တော်ဘဂ္ဂဒက်အပြင်ကို ပြောင်းရွှေ့ခဲ့ပါသေးတယ်။ ဘဂ္ဂဒက်မြို့တော်မှာ ရှိတဲ့ အမေရိကန်သံရုံးက ဒီအရေးကို ပစ္စည်းအပြည့်အစုံနဲ့ ဆောင်ရွက်သွားမယ်လို့ အမေရိကန်အစိုးရပြောခွင့်ရ ဂျန်စာကီက ပြောပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက သံရုံး၊ ထောက်ပံ့ရေး ကိစ္စတွေနဲ့ ဘဂ္ဂဒက် နို်င်ငံတကာလေဆိပ်တို့မှာ လုံခြုံရေးအားဖြည့်ဖို့ စစ်သည် အယောက်၂၀၀ စေလွှတ်ရေး ညွှန်ကြားခဲ့တယ်လို့ ကြေညာပါတယ်။ ပင်တဂွန်ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီက ဇွန် ၂၉ နဲ့ ၃၀ ရက်နေ့က စစ်သည်အယောက် ၂၀၀ ရောက်လာပြီလို့ ပြောပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဇွန်လလယ်တည်းက အသင့်စောင့်နေတဲ့ စစ်သည် အယောက် ၁၀၀ လည်း လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေး ပံ့ပိုးဖို့ ဘဂ္ဂဒက်ကို ရောက်လာမယ်လို့ ကာဘီက ဆက်ပြောပါတယ်။ အမေရိကန်ဟာ ရဟတ်ယာဉ်တွေနဲ့ ဒရုန်း မောင်းသူမဲ့ တိုက်လေယာဉ်တွေကိုလည်း အီရတ်ကို စေလွှတ်နေပါတယ်။ အခု စေလွှတ်ထားတဲ့ တပ်တွေဟာ နောက်ထပ် တပ်ကူတွေ မလိုတော့လောက်အောင် အီရတ်မှာ လုံခြုံရေး တိုးတက် ကောင်းမွန်လာတဲ့အထိ နေလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up