Home
မြန်မာသတင်း
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် လက်ခံ
ပိုင်စိုး
·
June 30, 2014
ဗိုလ်ချုပ်မောင်အောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒီကနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွတ်တော် အရေးပေါ်အစည်းအဝေးမှာ ကန့်ကွက်သူမရှိဘဲ သဘောတူခဲ့ကြပါတယ်။ [caption id="attachment_59163" align="alignleft" width="300"]ဗိုလ်ချုပ်မောင်မောင်အုန်း ဗိုလ်ချုပ်မောင်မောင်အုန်း[/caption] ဗိုလ်ချုပ်မောင်မောင် အုန်း ကို   ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာပို့ခဲ့ပြီး တဲ့နောက် အရေးပေါ်အစည်း အဝေးခေါ်ယူပြီး အတည်ပြုခဲ့တာလို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ စစ်တွေအမှတ် ၂ မဲဆန္ဒနယ်မြေ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။ “၂၅ ရက်နေ့က ဗိုလ်ချုပ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်မယ့်ဟာကို ကန့်ကွက်မယ့်သူ ရှိတယ်ဆိုရင် ကန့်ကွက်လွှာတင်နိုင်တယ်ဆိုပြီး ၂၇ ရက်နေ့ နောက်ဆုံးထား တင်ပါဆိုပြီး ပြောထားတဲ့ဟာက ၂၇ ရက်နေ့ထိ အဲလိုမျိုး ကန့်ကွက်လွှာတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်မှ မရှိတဲ့အတွက်ကြောင့် ဒီနေ့ကျနော်တို့ လွှတ်တော်ကျင်းပတဲ့အချိန်မှာ ကန့်ကွက်မယ့်သူ မရှိတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်လွှတ်တော် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သဘောတူလိုက်တာပေါ့။ သဘောတူတယ်လို့ လွှတ်တော်ဥက္ကဋ္ဌကကြေညာပြီး လွှတ်တော်ကို ရုပ်သိမ်းလိုက်တာပေါ့။” ဗိုလ်ချုပ်မောင်မောင်အုန်းက သူသာ ပြည်နယ်ဝန်ကြီးချုပ်တာဝန်ယူတဲ့အခါ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို တိတိကျကျအကောင်အထည်ဖော်မယ့်အကြောင်း။ သမ္မတက ပေးတဲ့ ထောက်ပံ့ကြေး ၁၅ ဘီလီယံကို ရခိုင်ပြည်နယ်အတွက် အကျိုးရှိရှိသုံးမယ့်အကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စကို အကောင်အထည်ဖော်မယ့်အကြောင်း ကတိပြုထားတယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ သဘေားထားထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရွေးကောက်ခံကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားဖြစ်သင့်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဖြစ်သင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ဒီကနေ့ လွှတ်တော်အဆုံးအဖြတ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းက လုပ်ဆောင်ခဲ့တာမို့ ကန့်ကွက်လည်း မထူးတာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော်တို့ရဲ့ခံစားမှုကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မကြိုက်ဘူး။ မကျေနပ်ဘူး။ နောက်တခု သံသယရှိစရာက ဒါဟာ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး ရှုပ်ထွေးမှုအပေါ်မှာ စစ်တပ်က လွှမ်းမိုးမှုကို၊ စစ်တပ်ရဲ့ ခြေကုပ်ယူမှုကို အခိုင်အမာ တည်ဆောက်တာလားဆိုတာလည်း သံသယဖြစ်စရာတခုပေါ့။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ နိုင်ငံရေးအားဖြင့် ရှုပ်ထွေးတယ်။ အဲဒီမွတ်စလင် ဘင်္ဂါလီတွေ ရှုပ်ထွေးမှုတွေရှိနေတဲ့အတွက်ကြောင့်လည်း တဖက်ကလည်း အင်မတန် အားကောင်းမောင်းသန်ဖြစ်တဲ့ ဗိုလ်ချုပ်တယောက်ရောက်တယ်ဆိုတာဟာ အကောင်းဘက်များ ရှေးရှုမလားဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။” ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်ကလည်း ၀န်ကြီးချုပ်အဖြစ် သဘောတူတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။ “သမ္မတက တာဝန်ပေးတယ်ဆိုတာက အကောင်းဆုံးအနေအထားကို စဉ်းစားပြီးတော့မှ သင့်တော်မယ်ထင်လို့ အကြီးအကဲနေရာ တင်လိုက်တယ်။ သူ့အနေနဲ့လည်း ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံလေးတွေ ရှိပါတယ်။ ရခိုင်ပြည်နယ်အကြောင်းကို နည်းနည်လေးသိနေတဲ့သဘောရှိပါတယ်။ ဒီမတိုင်ခင် ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စမှာ သူလာပြီး ကိုင်တွယ်တာရှိတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ဟာ သူ့အတွက် မစိမ်းဘူး။ သူကိုယ်တွယ်တဲ့အခါမှာလည်း လွယ်လွယ်ကူကူနဲ့ အဆင်ပြေနိုင်မယ်။” ပြည်နယ်လွှတ်တော်ရဲ့ ဒီကနေ့ အဆုံးအဖြတ်ကို သမ္မတထံပေးပို့ပြီးတဲ့အခါ လွှတ်တော်မှာ ထပ်မံအတည်ပြုပြီးမှ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို တာ ၀န်ထမ်းဆောင်ဖို့ဖြစ်ပြီး သက်တမ်းအားဖြင့် ၁ နှစ်ခွဲဝန်းကျင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ရဲ့ နုတ်ထွက်လွှာကို သမ္မတက လက်ခံကြောင်း ဇွန်လ ၁၉ ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024