အိန္ဒိယနိုင်ငံတွင် အဆောက်အဦ ပြိုကျ၊ အနည်းဆုံး ၁၀ ဦး သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း ချင်းနိုင်မြို့မှာ အဆောက်အဦ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က ပြောပါတယ်။ 5558490-3x2-700x467_3ဆောက်လက်စ အထပ်အများကြီးပါတဲ့ လူနေအိမ် ပြိုကျတာ ဖြစ်ပြီး အထဲမှာ ပိတ်မိ သေဆုံးသူတွေဟာ အလုပ် သမားတွေ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး သမားတွေက အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ လုပ်သား ၂၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒေသခံမီဒီယာတွေကတော့ လူ ၅၀ လောက် အဆောက်အဦ အပျက်အစီးတွေကြားမှာ ပိတ်မိနေဦးမှာကို စိုးရိမ်ကြောင်း အစီရင်ခံပါတယ်။ ချင်းနိုင်မြို့လယ်ကနေ ကီလို ၂၀ လောက်ဝေးတဲ့နေရာက ၁၁ ထပ်အဆောက်အဦဟာ ဇွန် ၂၈ ရက်နေ့ ညနေပိုင်းက ပြိုကျခဲ့တာ ဖြစ်ပါတယ်။ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ် ဂျယာရမ် ဂျယယ်လစ်သားက ရဲတွေ အခင်းဖြစ်ရာနေရာက လုပ်ဆောင်မှုတွေကို စောင့်ကြည့်ဖို့နဲ့ ပြိုကျရတဲ့အကြောင်းရင်းကို စုံစမ်း စစ်ဆေးဖို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က မြို့တော် နယူးဒေလီက နှစ် ၅၀ သက်တမ်းရှိ တိုက်ခန်း တွဲတခု ပြိုကျခဲ့လို့ ကလေး ၅ ဦးအပါအ၀င် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပါတယ်။ အိန္ဒိယနိုင်ငံတလွှား မြို့ကြီးတွေက အဆောက်အဦ မတော်တဆမှုတွေကြောင့် မနှစ်က လူအယောက် ၁၀၀ လောက် သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up