စက်သုံးဆီ ဖွင့်ခွင့်လိုင်စင် ထောက်ခံချက်အချို့ တင်ရန်မလို
DVB
·
June 29, 2014
ပြည်တွင်းမှာ စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်လိုသူတွေ တင်ပြရတဲ့ ထောက်ခံချက် တစ်ချို့ကို တင်ပြစရာ မလိုပဲ ဖြေလျော့ပေးလိုက်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းချရေးလုပ်ငန်း တာဝန်ရှိသူတဦးက ဒီဗွီဘီ ကို အတည်ပြုပြောဆိုပါတယ်။
အဲဒါတွေကတော့ ကိုယ်ဝယ်ယူအသုံးပြုမယ့် လောင်စာဆီ ကုမ္ပဏီရဲ့ ထောက်ခံချက်၊ မြေပိုင်ဆိုင် ကြောင်း ထောက်ခံချက်၊ ဆိုင်ဖွင့်မယ့် အနီးပတ်ဝန်းကျင် နေထိုင်သူတွေရဲ့ထောက်ခံချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်ဝယ်ယူမယ့် လောင်စာဆီ ကုမ္ပဏီရဲ့ ထောက်ခံချက်ယူရရင် စက်သုံးဆီကို လွတ်လွတ်လပ်လပ် ၀ယ်ယူပိုင်ခွင့် ဆုံးရှုံးသလို၊ ဆိုင်ဖွင့်မယ့် အနီးအနား ပတ်ဝန်းကျင် ထောက်ခံစာ လိုက်တောင်းနေရင်လည်း အခက်အခဲ တွေ့နိုင်ကြောင်း သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ နယ်မြို့တချို့မှာ စက်သုံးဆီရောင်းမယ့် ဆိုင်တွေကို အနီးအနား နေထိုင်သူ ရပ်ကွက်သားတွေက ကန့်ကွက်တာမျိုး ပေါ်ပေါက်ခဲ့ဖူးပါတယ်။