အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အီရတ်နှင့် ဆီရီးယားအရေး ဆွေးနွေးရန် ဆော်ဒီအာရေးဗီယား ရောက်ရှိ

660
အီရတ်နဲ့ ဆီရီးယားအရေး ပဋိပက္ခအကျပ်အတည်းကို ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဆော်ဒီအာရေးဗီယား နိုင်ငံကို ဇွန်လ ၂၇ ရက်နေ့မှာ ရောက်နေပါတယ်။
အီရတ်မှာ အိုင်အက်အိုင်အယ် သူပုန်တွေက မြို့ကြီးမြို့ငယ်တွေကို ဆက်တိုက်သိမ်းနေတဲ့ အခြေအနေမှာ ဂျွန်ကယ်ရီဟာ အရှေ့အလယ်ပိုင်းဒေသကို သွားရောက်ပြီး အစ္စလာမ္မစ်တွေရဲ့ အန္တရာယ်ကို ကိုင်တွယ်ဖို့ ဒေသခေါင်းဆောင်တွေကို တိုက်တွန်းဖို့ရှိပါတယ်။
ဆီရီးယားမှာလည်း အတိုက်အခံတွေကို ဂရုတစိုက် စိစစ်ပြီး သင်တန်းပေးဖို့၊ လက်နက်တပ်ဆင် ပေးဖို့ သမတ အိုဘားမား အစိုးရက ကွန်ဂရက်ဆီကနေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခွင့်ပြုပေးဖို့ တောင်းဆိုထားပါတယ်။
ဆီရီးယားမှာ သမ္မတ ဘာရှား အယ်အဆတ်ကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို အမေရိကန် အစိုးရက ထောက်ပံ့ပေးဖို့ အလွန်ထူးခြားတဲ့ ခြေလှမ်းဖြစ်ပါတယ်။ ဆော်ဒီ အာရေးဗီယားဟာ ဆီရီးယား သူပုန်တွေကို ထောက်ခံတဲ့ နေရာမှာ အထင်ရှားဆုံးနိုင်ငံဖြစ်ပါတယ်။
မနှစ်က ဒမာစကက်စ်မြို့မှာ အာဆတ်အစိုးရက အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခဲ့ပေမယ့် အမေ၇ိကန်က လေကြောင်းတိုက်ခိုက်ဖို့ အစီအစဉ် ဖြစ်မလာတဲ့အပေါ် အကြီးအကျယ် ဝေဖန်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
အီရတ်မှာ ဆီယိုက်မွတ်စလင် ခေါင်းဆောင် မာလီကီဟာ ဆွန်နီ ဆော်ဒီအာရေးဗီယားရဲ့ ဒေသတွင်း ရန်သူဖြစ်တဲ့ အီရန်ရဲ့ နီးကပ်တဲ့ မဟာမတ်ဖြစ်နေပါတယ်။
အီရတ်မှာ သူပုန်ထမှုတွေ လျှော့ကျသွားဖို့ ကျယ်ပြန့်တဲ့ အစိုးရသစ် ပေါ်ပေါက်ဖို့ အမေရိကန် အစိုးရက လိုလားနေပါတယ်။
အီရတ် ၀န်ကြီးချုပ် မာလီကီကလည်း လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကျရင် လွန်ခဲ့တဲ့ ၂ လက ရွေးချယ်ခံရတဲ့ အမတ်တွေနဲ့ လွှတ်တော်သစ်ကို ခေါ်ယူပြီး အစိုးရသစ်ကို ဖွဲ့စည်းသွားမယ်လို့ ဂျွန်ကယ်ရီက ပြောပါတယ်။
