ထိုင်းတွင် ဇွန်လ ၃၀ ရက်ကစပြီးထုတ်ပေးမည့် အလုပ်သမားလက်မှတ်အကြောင်း မေးမြန်းချက်
DVB
·
June 29, 2014
ထိုင်းနိုင်ငံက ဒီတကြိမ် ပြုလုပ်ပေးမယ့် အလုပ်သမားယာယီမှတ်ပုံတင်လက်မှတ် ထုတ်ပေးရေး လုပ်ငန်းမှာ ထိုင်းစစ်တပ်က ကြီးကြပ်လုပ်ဆောင်သွားမှာဖြစ်လို့ အပိုငွေကြေးပေး ဆောင်ရတာ မျိုး၊ ပွဲစားတွေ ပါဝင်ပတ်သက်ခြေရှုတ်တာမျိုး မရှိလောက်ဘူးလို့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။
ဒါ့အပြင် အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို အခုလက်မှတ်ထုတ်ပေးပြီးရင် ယာယီနိုင်ငံကူးလက်မှတ် ဆက်လက်လုပ်ပေးသွားဖို့ အစီအစဉ်ပါ ပါရှိတာမို့ ထိုင်းနိုင်ငံတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ကြမယ်လို့လည်း ပြောပါတယ်။
ဇွန်လ ၃၀ ရက်ကစပြီး လုပ်ပေးတော့မယ့် အလုပ်သမားလက်မှတ်နဲ့ ပတ်သက်ပြီး ဦးအောင်ကျော်ကို ကျနော်ကပဲ ဆက်သွယ်မေးမြန်းထားပါတယ်။