A d v e r t i s e m e n t With Us

ချီလီနှင့် ရင်ဆိုင်မည့်ပွဲစဉ်အတွက် ဘရာဇီးကစားသမားတွေ ကြောက်စိတ်ဝင်ဟု နည်းပြပြော

ဘရာဇီး နည်းပြ စကိုလာရီ
ချီလီနဲ့ ရင်ဆိုင်မယ့် ပွဲစဉ်အတွက် ကစားသမားတွေဟာ ကြောက်စိတ်တွေ ၀င်လာနေတယ်လို့ ဘရာဇီး နည်းပြ စကိုလာရီက ပြောပါတယ်။ [caption id="attachment_59316" align="alignright" width="300"]ဘရာဇီး နည်းပြ စကိုလာရီ ဘရာဇီး နည်းပြ စကိုလာရီ[/caption]အိမ်ရှင် ဘရာဇီးအသင်းဟာ ရှုံး ထွက်အဆင့်မှာ တောင်အမေရိကပြိုင်ဖက် ချီလီနဲ့ ရင်ဆိုင်ရမှာပါ။ ရှုံးထွက်အဆင့် ရောက်လာရင် ကြောက်စိတ်တွေ ၀င်လာတာဟာ ပုံမှန်ပါပဲ။ အထူးသဖြင့် ရှုံးထွက်အဆင့်မှာ ရှုံးမှာကို စိုးရိမ်တယ်လို့ ဘရာဇီးနည်းပြ စကိုလာရီက ပြောပါတယ်။ ဘရာဇီးအသင်းဟာ အုပ်စုတွင်းမှာ ၂ ပွဲနိုင် တပွဲ သရေကျထားပါတယ်။ ချီလီအသင်းကလည်း အုပ်စုတွင်း စပိန်နဲ့ သြစတြေးလျကို အနိုင်ယူထားပါတယ်။ ဘရာဇီးနဲ့ ချီလီတို့ နောက်ဆုံး ကစားတဲ့ ၁၂ ပွဲမှာ ဘရာဇီးက ၁၀ပွဲနိုင်ပြီး ၂ ပွဲ သရေကျထား ပါတယ်။ ကမ္ဘာ့ဖလားမှာ ၃ ကြိမ် ဆုံဖူးထားပြီး ၃ ကြိမ်စလုံး ဘရာဇီးက အနိုင်ရထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up