ယူကရိန်းစစ်တပ် နယ်စပ်ဂိတ်တခုကို သူပုန်တွေဆီက ပြန်လည်သိမ်းယူ

ယူကရိန်းအရှေ့ပိုင်း ဒန်ညက် ဒေသထဲက အရေးကြီးတဲ့ နယ်စပ်ဂိတ်တခုကို သူပုန်တွေ သိမ်းပိုက်မှုကနေ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဇွန်လ ၂၇ ရက်နေ့က ပြောဆိုပါတယ်။ Ukraineညတွင်းတိုက်ပွဲတွေ အတွင်း ပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ယူကရိန်းစစ်သား ၄ ဦး ကျဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။ ယူကရိန်းစစ်သား ၅ ဦးလည်း ဒဏ်ရာရရှိခဲ့ကြပြီး သူပုန်တွေဖက်က အထိအခိုက်အကျအဆုံး စာရင်းတော့ မသိရှိရဘူးလို့ ဆိုပါတယ်။ တခြားနယ်စပ်စစ်စခန်းတွေကို ဇွန်လ ၂၆ ရက်နေ့ညက ခွဲထွက်ရေးသူပုန်တွေက တိုက်ခိုက်ခဲ့ကြပြီး စခန်းနှစ်ခုကို သိမ်းပိုက်ရမိတယ်လို့ ဆိုပါတယ်။ ဒီနယ်စပ်စခန်းတွေဟာ ရုရှားနိုင်ငံကနေ လက်နက်နဲ့ အခြားစစ်ဖက်ပစ္စည်းတွေကို တင်သွင်းနေတဲ့ဂိတ်တွေလို့ ယူကရိန်းအစိုးရက စွပ်စွဲနေတာလည်းဖြစ်ပါတယ်။ ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုက အပစ်အခတ်ရပ်စဲရေး ၇၂ နာရီထပ်တိုးမြှင့်မှု မတိုင်ခင်မှာပဲ အခုလိုတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ၁ ပတ်တာအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ချိုးဖောက်တယ်ဆိုပြီး တဖက်နဲ့တဖက် အပြန်အလှန်စွပ်စွဲနေခဲ့ကြပါတယ်။ မိုင် ၁၂၀၀ ရှည်လျားတဲ့ ရုရှားနိုင်ငံနဲ့ နယ်နမိတ်ကို ထိန်းချုပ်နိုင်ရေးဟာ ယူကရိန်းနိုင်ငံအတွက် အရေးကြီးပြီး မဟုတ်ရင် ရေရှည်ငြိမ်းချမ်းရေးရရှိဖို့ မလွယ်ဘူးလို့ ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုက ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up