မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် ဂျပန် အရှေ့ပင်လယ်ကို ပစ်လွှတ်
Published By
DVB | 27 June, 2014
629
0
Share
0
Comment
0
Likes

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် ၃ စီးကို ဂျပန်ပိုင် အရှေ့ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်။
ဒါဟာ ဒုံးကျည်ပစ်ခတ်နိုင်စွမ်း တိုးမြှင့်ဖို့ လှုပ်ရှားမှုအဖြစ် ရှုမြင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
ပူးတွဲစစ်ဦးစီးချုပ်က မြောက်ကိုရီးယားနိုင်ငံ ၀မ်စံမြို့နားက ဒုံးကျည်လွှတ်တင်ရေး ဒေသကနေ ဇွန် ၂၆ ရက်နေ့ ညနေ ၅ နာရီလောက်က ပစ်လွှတ်ခဲ့ပြီး ဂျပန်ပင်လယ်အရှေ့ဘက်ကို ဒုံးကျည်ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ကင်မင်းဆွတ်ခ်က “မြောက်ကိုရီးယားဟာ ဒုံးကျည်အများကြီး တပြိုင်နက် ပစ်လွှတ်တဲ့လောင်ချာတွေနဲ့ ဒုံးကျည်လောင်ချာပုံစံသစ်တခုကို တီထွင် လုပ်ကိုင်နိုင်တာ ဖြစ်ပုံရတယ်။ အထူးသဖြင့် ရုရှားနဲ့ တရုတ်မှာ အစောပိုင်းက လုပ်ခဲ့တဲ့ ၃၀၀ မမ ဒုံးကျည် အများကြီး တပြိုင်နက် ပစ်လွှတ်တဲ့ လောင်ချာမျိုး ဖြစ်တယ်။ မြောက်ကိုရီးယားဟာ ဒုံးကျည်လုပ်ဆောင်ချက် အတော်များများကို အဆင့်မြှင့်နေတယ်”လို့ ဆိုးလ်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ မတ်လတုန်းလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အရှေ့ဘက် ကမ်းရိုးတန်းကနေ တိုက်ချင်းပစ်ဒုံးကျည် ၂ စီး ပစ်လွှတ်ခဲ့ပါသေးတယ်။