Home
မြန်မာသတင်း
မွန်ပြည်သူ့ဖိုရမ် ပထမဆုံးအကြိမ် ကျင်းပ
DVB
·
June 27, 2014
Monမြန်မာလုထုဖိုရမ်က ဦးဆောင်ပြီး မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မော်လမြိုင်မြို့မှာ မွန်ပြည်သူ့ဖိုရမ်ကို ပထမဆုံးအကြိမ်အဖြစ် ဇွန် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေကြပါတယ်။ ဒီဖိုရမ်မှာ အဓိကအားဖြင့် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ လူမှုအဆင့်အတန်းမြင့်တက်ရေးစတဲ့အကြောင်းအရာ တွေကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒီဖိုရမ်ကနေ ရရှိလာတဲ့အကြောင်းအရာတွေကိုတော့ ပြည်သူ့အသံအနေနဲ့ စုစည်းပြီး ပြည်နယ်အစိုးရဆီ တင်ပြသွားမှာ ဖြစ်တယ်လို့ မွန်ပြည်နယ်လူငယ် ကွန်ရက်အဖွဲ့က ဦးကြည်ဇော်လွင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024