A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလားဘောလုံးပွဲ သုံးသပ်ချက်

အုပ်စု (စီ) က ပွဲစဉ်တွေမှာတော့ ကိုလံဘီယာက ဂျပန်ကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ၃ ပွဲနိုင် ၉ မှတ်နဲ့ အုပ်စု ပထမ၊ ဂရိက အိုင်ဗရီကို့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ရမှတ် ၄ မှတ်နဲ့ ဂရိက ဒုတိယ နေရာက အုပ်စု တက်သွားပါတယ်။ ဒါကြောင့် နောက်တဆင့် ရှုံးထွက် ပွဲစဉ်မှာ ကော့စတာရီကာနဲ့ ဂရိ၊ ကိုလံဘီယာနဲ့ ဥရုဂွေး ကိုတို့ တွေ့ကြဖို့ ရှိနေပါတယ်။ Fifa-World-Cup-2014-HD-Wallpapers-WideScreenဒီရှုံးထွက်ပွဲစဉ်တွေနဲ့ ပတ်သက်လို့ ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်တွေး ပျဉ်းမနားက အခုလို သုံးသပ်ပါတယ်။ “တကယ်လို့ ဖြစ်ရပ်မှန်ပေါ်ရင် ဆွာရပ်စ်ကို ပိတ်မယ်။ ကမ္ဘာ့ဖလားတလျှောက်လုံး မကစားရဘူးဆိုတဲ့ ပိတ်ပင်မှုမျိုးလုပ်မယ်လို့ သတင်းထဲမှာ ပါတယ်။ ဥရုဂွေးမှာ ဆွာရပ်စ်သာ ပါမလာဘူးဆိုရင် နောက်တဆင့်မှာ သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။ ကိုလံဘီယာနဲ့ ဥရုဂွေးနဲ့ဆိုရင် ကိုလံဘီယာပဲ နိုင်မယ်ထင်ပါတယ်။ ဂရိနဲ့ ကော့စတာရီကာ ကတော့ ပြီးခဲ့တဲ့ ပွဲခြေအရ ကျနော် ကော့စတာရီကာ ကိုပဲ ကြိုက်ပါတယ်။ ကော့စတာရီကာ က ဘယ်လိုပဲ ဖြစ်ဖြစ် ကွာတားဖိုင်နယ်အဆင့်က တက်သွားလိမ့်မယ် ထင်တယ်။ ဂရိက ပိုင်နယ်တီ ရလိုက်လို့ အိုင်ဗရီကို့စ်ကို ကျော်ပြီး ဒုတိယနဲ့ တက်လာတာကိုး။” ဇွန်လ ၂၅ ရက်ညနဲ့ ၂၆ ရက် မနက်ပိုင်းတွေမှာတော့ အုပ်စု (အက်ဖ်) က အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယား၊ ဘော့စနီးယားနဲ့ အီရန် အုပ်စု (အီး) က ပြင်သစ်နဲ့ အီကွေဒေါ၊ ဆွစ်ဇာလန်နဲ့ ဟွန်ဒူးရပ်စ် တို့ အုပ်စုနောက်ဆုံးပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ ဒီည ကစားဖို့ရှိတဲ့ ပွဲတွေထဲက အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယား၊ ပွဲစဉ်အကြောင်းပြောရမယ်ဆိုရင် အာဂျင်တီးနားအသင်းက ၂ ပွဲနိုင် ၆ မှတ်ရထားပြီး နိုင်ဂျီးယားကတော့ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ မှတ် ရထားပါတယ်။ ဒါကြောင့် ၂ သင်းစလုံး သရေကျရုံနဲ့ ရှေ့ဆက်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားအသင်းကတော့ နိုင်ပွဲမရှိ သေးသလို မျှော်လင့်ချက်လည်း မရှိတော့ပါဘူး။ အီရန်ကတော့ ၁ ပွဲရှုံး ၁ ပွဲသရေ ၁ မှတ်ရထားပြီး ဒီပွဲမှာ သွင်းဂိုးများများနဲ့ အနိုင်ရရင်၊ နိုင်ဂျီးရီးယားက အာဂျင်တီးနားကို ရှုံးရင် ရှေ့ဆက်တက်နိုင်မယ့် မျှော်လင့်ချက် ရှိနေပါသေးတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ ခါတိုင်းနဲ့မတူ ခြေစွာနေတဲ့ ပြင်သစ်အသင်းကတော့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အီကွေဒေါနဲ့ ယှဉ်ပြိုင်ရမှာပါ။ အခုပွဲ ရလဒ်ဟာ အုပ်စုတွင်းမှာ ၂ ပွဲနိုင် ၆ မှတ် ရထားတဲ့ ပြင်သစ်အတွက် အရေးမပါပေမယ့် အီကွေဒေါအတွက်တော့ နိုင်မှ နောက်တဆင့်ကို မျှော်လင့် နိုင်မှာပါ။ ပြင်သစ်ဟာ အုပ်စုဗိုလ် ဖြစ်မှ တဖက်အုပ်စုက အုပ်စုဗိုလ် ဖြစ်နိုင်တဲ့ အာဂျင်တီးနားနဲ့ ရှောင်နိုင်မှာ ဖြစ်ပါတယ်။ ပြင်သစ်နည်းပြ ဒတ်စ်ချန့်က ပြင်သစ်နဲ့ အီကွေဒေါ အက်ကွေဒေါနဲ့ ပွဲစဉ်ကို အလေးအနက်ထား ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up