တယ်လီနော နယ်ဆင်း ဈေးကွက်ရှာ စည်းရုံး

Telenorနော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာ နယ်မြို့တွေကို ဆင်းပြီး ကုမ္ပဏီရဲ့ ၀န်ဆောင်မှုဆိုင်ရာ ကိစ္စတွေကို ရှင်းလင်းပြောဆိုပြီး ဈေးကွက်ရှာဖွေမှုတွေ စ လုပ်နေပြီလို့ သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၂၁ ရက်နေ့က မြင်းမူမြို့မှာ မြို့ခံတွေနဲ့ တွေ့ဆုံပြီး တယ်လီနောအနေနဲ့ လာမယ့် စက်တင်ဘာလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချ ၀န်ဆောင်မှုပေးမယ့်အကြောင်း၊ ဆင်းကဒ် ၁ ခုကို ကျပ် ၁၅၀၀ သတ်မှတ်ထားတဲ့ အကြောင်း၊ ဖုန်းပြောဆိုခ ၁ မိနစ် ၂၅ ကျပ် သတ်မှတ်ထားကြောင်းနဲ့ ၅ နှစ်အတွင်း တနိုင်ငံလုံး လွှမ်းခြုံ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းပြပါတယ်။ ပထမအဆင့်အနေနဲ့ကတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့ကြီးတွေမှာပဲ စပြီး ၀န်ဆောင်မှု ပေးနိုင်ဦးမယ်လို့ တယ်လီနောကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးသိန်းထွန်းလှ က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up