ထိုင်းပြည်ပရောက် အတိုက်အခံပါတီ ဖွဲ့စည်း

ဓာတ်ပုံ - ရိုက်တာ
910
ထိုင်းနိုင်ငံရဲ့ လက်ရှိ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ပထမဆုံး ပြည်ပရောက်အတိုက်အခံပါတီကို အရင် ပွေထိုင်း(Puea Thai) ပါတီခေါင်းဆောင်တွေက ဇွန် ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်ကြပါတယ်။
[caption id="attachment_59120" align="alignright" width="300"]
ဓာတ်ပုံ - ရိုက်တာ[/caption]ပါတီကို လွတ်လပ်သောထိုင်းလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပါတီလို့ အမည်ပေးထားပြီး ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွေ စတင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကို ထွက်ပြေးခဲ့တဲ့ ယခင် ယင်းလပ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်တဲ့ ဂျရုပေါင် ရှောင်ဆူဝမ် (Jarupong Ruangsuwan)က ဦးဆောင်တာ ဖြစ်ပါတယ်။
ဂျရုပေါင်ဟာ ထိုင်းပြည်သူတွေကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပြီး လက်ရှိ ထိုင်းစစ်အစိုးရဟာ တရားဝင်အစိုးရမဟုတ်ပဲ ဒီမိုကရေစီဖော်ဆောင်ရေလုပ်ငန်းတွေကိုလည်းးအယုံအကြည် မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
ပါတီအနေနဲ့ ထိုင်းစစ်အစိုးရကို ဘယ်နေရာကနေ၊ ဘယ်လိုဆန့်ကျင်မယ်ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြောခွင့်ရ ဖြစ်ခဲ့တဲ့ ပါတီအထွေထွေအတွင်းရေးမှူး ဂျခရာပေါ့ ပန်ကီယာ (Jakrapob Penkair) က ထိုင်းစစ်အစိုးရအာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေကို ဦးဆောင်ဖို့ ပါတီကို ထိုင်းနိုင်ငံပြင်ပမှာ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဇွန် ၅ ရက်နေ့က ကမ္ဘေားဒီယားနိုင်ငံမှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အခြေခံအုတ်မြစ် ဖြစ်တဲ့ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ ရေရှည်တည်တံ့ရေးတွေဟာ ပါတီရဲ့ရည်မှန်းချက်တွေ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။
ထိုင်းစစ်အစိုးရကတော့ ပြည်ပရောက်အတိုက်အခံလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေ ထိုင်းပြည်တွင်းရေးမှာ ၀င်ရောက်မစွတ်ဖက်ဖို့ ဇွန် ၂၄ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ ပြည်ပနိုင်ငံမှာ အခြေတည်ပြီး ထိုင်းနိုင်ငံ မတည်မငြိမ်ဖြစ်အောင် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တဲ့အတွက် လက်ခံထားတဲ့နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ထိုင်းစစ်ကောင်စီရဲ့ ပြောခွင့်ရ ၀င်းထိုင်း ဆုဗာရီ (Winthai Suvaree) က သတင်းထောက် တွေကို ပြောဆိုပါတယ်။
