ဆွာရပ်စ်ရုပ်ပုံကို လှောင်ပြောင်သရော်ထားသည့် ဓာတ်ပုံတွေ အွန်လိုင်းတွင် ပျံနှံ့

Screen shot 2014-06-25 at 1.09.05 PMအီတလီနဲ့ ဥရုဂွေးတို့ ယှဉ်ပြိုင်တဲ့ပွဲမှာ အီတလီကစားသမားရဲ့ ပခုံးကို ဆွာရပ်စ်က ကိုက်ခဲ့တဲ့တဲ့ဖြစ်ရပ်ကို အင်တာနက်လူမှုကွန်ရက် တွစ်တာပေါ်မှာ ဥရုဂွေးတိုက်စစ်မှူးကို လှောင်ပြောင်ဝေဖန်ထားတဲ့ အကြောင်းတွေ ပျံ့နှံ့နေပါတယ်။ အင်တာနက်မီမီလို့ခေါ်တဲ့ အွန်လိုင်းသုံးစွဲသူတွေကြားမှာ ရေပန်းစားနေတဲ့ ဒီအကြောင်းအရာထဲမှာ ဆွာရပ်စ်ရုပ်ပုံကို အမျိုးမျိုးလှောင်ပြောင်သရော်ထားတဲ့ ဓာတ်ပုံတွေကို လက်ဆင့်ကမ်း ဖြန့်ဝေနေကြပါတယ်။ ဆွာရက်ဇ်ဟာ အီတလီ ဂိုးရှေ့မှာ နေရာလုရင်း ဂျော်ဂျီယို ချီလီနီရဲ့ ဘယ်ဘက်ပခုံးကို ကိုက်ခဲ့တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ထိန်းမရနိုင်အောင် ပျံ့နှံ့နေပြီး ဆွာရပ်စ်ကတော့ ပခုံးနဲ့ တိုက်မိခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အရင်ကလည်း ပြိုင်ဘက် ကစားသမား ၂ ဦးကို ကိုက်ခဲ့ဖူးတဲ့ ဆွာရပ်စ်ကို ဖီဖာက စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေပြီး နောက်ပွဲစဉ် ၂ ပွဲနဲ့ ၂၄ လ အပိတ်ခံရဖွယ် ရှိကြောင်း ဖောက်စ် အားကစားချန်နယ်မှာ သတင်းဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up