အီတလီအသင်း အုပ်စုအဆင့်က ထွက်ရပြီးနောက် အီတလီနည်းပြ ရာထူးက နုတ်ထွက်

buffon-prandelli-620နာမည်ကြီး အီတလီအသင်း အုပ်စုအဆင့်ကနေ ထွက်ရပြီးတဲ့နောက်မှာ နည်းပြ ပရင်ဒယ်လီ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ချန်ပီယံ ၄ ကြိမ် ဖြစ်ဖူးထားတဲ့ အီတလီဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဥရုဂွေးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ သူ ရွေးချယ်ခဲ့တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အလုပ်မဖြစ်တဲ့အတွက် အသင်းကနေ နုတ်ထွက်တာ ဖြစ်တယ်လို့ ပရင်ဒယ်လီက ပြောဆိုထားပါတယ်။ အသက် ၅၆ နှစ်အရွယ် နည်းပြဟာ အီတလီအသင်း ၂၀၁၀ ကမ္ဘာ့ဖလားမှာ အုပ်စုကနေ ထွက်ရပြီး နောက်ပိုင်း နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူ့လက်ထက်မှာ အီတလီကို ယူရို ၂၀၁၂ ဗိုလ်လုပွဲအထိ ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up