Home
မြန်မာသတင်း
ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်းတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံသူကို စိစစ်ရွေးချယ်ရန် လို
DVB
·
June 24, 2014
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးအတွက် အစိုးရက လုပ်ကွက်တွေကို ချပေးတဲ့ နေရာမှာ ကုမ္ပဏီတွေအနေနဲ့ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်၊ မလုပ် လုပ်ငန်းမစတင်မီ ဦးစွာ စိစစ် ရွေးချယ်ဖို့ လိုတယ်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၀န်ဆောင်မှုလုပ်ငန်း အသင်း ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ [caption id="attachment_28181" align="alignright" width="300"]ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ပိုက်လိုင်း[/caption]မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆိုင်ရာ ၄ ကြိမ်မြောက် ညီလာခံကို ဒီကနေ့မနက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ စတင်ကျင်းပနေရာမှာ ပြည်တွင်းနဲ့ ပြည်ပက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ကုမ္ပဏီတွေနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေ ရာနဲ့ ချီပြီး တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒီညီလာခံကို တက်ရောက်လာတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၀န်ဆောင်မှုလုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က အစိုးရအနေနဲ့ ပြည်တွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေကို ချပေးတဲ့နေရာမှာ ကုမ္ပဏီတွေကပေးတဲ့ငွေကြေးကိုသာ မကြည့်ဘဲနဲ့ ဘယ်လောက် တာဝန်ယူနိုင်သလဲဆိုတာ ဦးစွာကြည့်ပြီး စိစစ်ရွေးချယ်ဖို့ လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ အစိုးရက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းအတွက် လုပ်ကွက်တွေကို ချပေးတဲ့ နေရာမှာ အစိုးရနဲ့ နီးစပ်တဲ့သူကိုသာ ဦးစားပေးစိစစ်ရွေးချယ်မှုရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေကလဲ ရှိနေကြောင်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက အမှုဆောင်ဘူမိဗေဒအရာရှိ ဦးလှမျိုးထွန်းက ဆိုပါတယ်။ လက်ရှိမှာဆိုရင် ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံထိ ကီလိုမီတာ ထောင်ချီရှည်တဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမှုနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေနဲ့ ကုမ္ပဏီအကြား မှာ ပဋိပက္ခနဲ့ ပြဿ နာတွေကလဲ ရှိတယ်လို့ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ၀န်ဆောင်မှု လုပ်ငန်းအသင်းဥက္ကဋ္ဌက ပြောပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏက ၂၀၁၄ ခုနှစ် ဧပြီ ၃၀ ရက်အထိ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၃ ဒသမ ၆၃၀ ဘီလီယံ ရှိပြီး မြန်မာပြည်ရဲ့ လုပ်ငန်းအမျိုးအစားလိုက် ရင်းနှီးမြုပ်နှံမှု စာရင်းအရ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ လူဦးရေ ၂၅၀ ခန့် တက်ရောက်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆိုင်ရာ ညီလာခံကိုတော့ ဒီနေ့နဲ့ မနက်ဖြန် ၂ ရက်တာ ကျင်းပမှာ ဖြစ်ပြီး ပြည်တွင်းနဲ့ ပြည်ပက ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက စာတမ်းပေါင်း ၃၀ ဖတ်ကြမှာ ဖြစ်ဖို့ ရှိနေပါတယ်။ အသံဖိုင် နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024