ကမ္ဘာ့ ဖလားဘောလုံးပွဲ သုံးသပ်ချက် (ဘရာဇီး- ကင်မရွန်း )

ဘရာဇီးနိုင်ငံမှာတော့  ကမ္ဘာ့ဖလားဘောလုံးပွဲ အုပ်စုတွင်း ရှေ့တဆင့်တက်နိုင်ဖို့ အဆုံးအဖြတ်ပွဲ တွေကို အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားနေကြရာမှာ  ပြီးခဲ့တဲ့  ဇွန်လ ၂၂ ရက်နေ့ ညပိုင်းနဲ့ ၂၃  ရက်မနက် ပွဲစဉ်တွေမှာတော့   ဘယ်လ်ဂျီယံက ရုရှားကို ၁ ဂိုးဂိုးမရှိနဲ့ နိုင်ပြီး အုပ်စုတက်သွားပါတယ်။ တခါ အာရှက တောင်ကိုရီးယားအသင်းကတော့  အယ်လ်ဂျီးရီးယား အသင်းကို  ၂ ဂိုး ၄ ဂိုးနဲ့ ရှုံးသွားပါတယ်။  တခါ  ပေါ်တူဂီနဲ့ အမေရိကန်တို့ ပွဲစဉ်မှာတော့ အမေရိကန်တို့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရနေရာက ပွဲသိမ်းခရာမှုတ်ခါနီး စက္ကန့်ပိုင်း အလိုမှာ ပေါ်တူဂီက ချေပဂိုးသွင်း လိုက်နိုင်လို့  ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ Match Brazil and Cameroonအခုလိုသရေကျသွားပေမယ့် ပေါ်တူဂီအသင်းဟာ  အုပ်စုကနေ တက်ရေးအတွက် ခက်ခဲသွားပြီလို့ နည်းပြ ဘန်တိုက ပြောပါတယ်။ အုပ်စုတွင်းမှာ ဂျာမဏီက ၄ မှတ်နဲ့  ဦးဆောင်နေပြီး အမေရိကန်က လည်း ၄ မှတ်နဲ့  ဒုတိယ၊ ဂါနာက ၁ မှတ်နဲ့  တတိ ယ၊ ပေါ်တူဂီကလည်း ၁ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရှိနေပါတယ်။ ပေါ်တူဂီဟာ နောက်ဆုံးပွဲမှာ ဂါနာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရရင်တောင် အုပ်စုတက်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေတာပါ။ တဖက်မှာ အမေရိကန်နဲ့  ဂျာမဏီတို့  သရေကျရင် ၅ မှတ်စီနဲ့ အုပ်စုကနေ တက်ရောက်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ တသင်းသင်း ရှုံးခဲ့ရင်လည်း ပေါ်တူဂီဟာ ဂိုးကွာခြားချက်နဲ့ အုပ်စုကနေ လှည့်ပြန်ရမှာပါ။ ဇွန်လ ၂၃ ရက်ညနဲ့ ၂၄ ရက် မနက်ပိုင်းတွေမှာတော့   အုပ်စု ဘီက  ၂ ပွဲနိုင်လို့ အုပ်စုတက်ဖို့ သေချာနေတဲ့ နယ်သာလန်နဲ့ ချီလီတို့ ပွဲနဲ့ ၂ ပွဲရှုံးလို့ အုပ်စုက ထွက်ဖို့ သေချာနေတဲ့ စပိန်နဲ့ သြတေးလျတို့ ကစားကြဖို့ရှိပြီး ဘယ်သူနိုင်နိုင်ဘယ်သူရှုံးရှုံး အုပ်စုတက်မယ့်အသင်း အဖြေက အပြောင်းအလဲရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နယ်သာလန်နဲ့ ချီလီတို့ ကတော့ နောက်တဆင့်မှာ အိမ်ရှင် ဘရာဇီးကို ရှောင်နိုင်ဖို့ အုပ်စု ပထမနေရာလုကြဖွယ်ရှိနေပါတယ်။ ဒီညပွဲတွေထဲမှာ အုပ်စုတက်ရေး အကြိတ်အနယ် ပြိုင်ကြရမယ့် အုပ်စု အေ တွင်း  ပွဲစဉ်တွေ ကတော့ အိမ်ရှင် ဘရာဇီးနဲ့ ကင်မရွန်း၊ မက္ကစီကိုနဲ့ ခရိုအေးရှားပွဲတွေ ဖြစ်ပါတယ်။ ဘရာဇီးဟာ အုပ်စု အဖွင့်ပွဲစဉ်မှာ ခရိုအေးရှားကို  ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး မက္ကစီနဲ့ ပွဲမှာတော့ သရေကျလို့ ၄ မှတ်ရ ထားပါတယ်။ ကင်မရွန်းအသင်းကတော့ အုပ်စုတွင်းမှာ ၂ ပွဲဆက်တိုက် ရှုံးထားလို့ ဒီနေ့ ပွဲနိုင်နိုင်မနိုင်  ပြိုင်ပွဲကနေ ထွက်ရပြီးသားဖြစ်ပါတယ်။ ဘရာဇီးနည်းပြ စကိုလာရီကတော့ ဒီညပွဲမှာ  ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ခရိုအေးရှားကို နိုင်ခဲ့တုန်းက လူစာရင်းအတိုင်း ပွဲထုတ်မှာဖြစ်တယ်လို့ ပြောပါတယ်။ ကျနော် ဘယ်လို အပြောင်းအလဲမျိုးမှ လုပ်မှာမဟုတ်ပါဘူး။ ပထမပွဲတုန်းက ထုတ်သုံးခဲ့တဲ့ ပွဲထွက် ကစားသမားတွေကိုပဲ သုံးမှာဖြစ်ပြီး အသင်းအပေါ်မှာ ယုံကြည်ပါတယ်လို့ စကိုလာရီ က ပြောသွားတာပါ။ ၀ါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေးပျဉ်းမနားကတော့ ဒီည ကန်မယ့်  ဘရာဇီး အပါအ၀င် အုပ်စုအေတွင်းပွဲစဉ်တွေရဲ့   အခြအနေနဲ့ ပတ်သက်ပြီး   အခုလို သုံးသပ်ထားပါတယ်။ “ဘရားဇီးပဲ နိုင်ဖို့များပါတယ်။ ဂိုးပြတ် မပြတ်တော့ သိပ်မပြောတတ်ဘူး။ မနိုင်ရင် သူရ ထွက်ရမယ့် သဘောရှိတယ်။ အနိုင်ကစားမယ်နဲ့ တူပါတယ်။ ခရိုအေးရှားနဲ့ မက္ကဆီကို ခရိုအေးရှားကို ကြိုက်တယ်။ ခရိုအေးရှားနဲ့ ကင်မရွန်းကစားတုန်းက ခရိုအေးရှားကို ၄ ဂိုး ဂိုးမရှိ နိုင်ထားတယ်။ မက္ကဆီကိုနဲ့ ကင်မရွန်းက မက္ကဆီကိုက ကင်မရွန်းကို ၁ ၊ ၀ နဲ့ နိုင်ထားတယ်။ အဲဒီ ဂိုးရေအတွက် ကြည့်ရရင် ခရိုအေးရှားက မက္ကဆီကို ထက်သာမယ်ထင်ပါတယ်။ ဘရာဇီး၊ ခရိုအေးရှား၊ မက္ကဆီကို ပထမ၊ ဒုတိယ၊ တတိယ နေရာ လုရမှာပါ။ ကျနော်ကတော့ ဘရာဇီး ပထမ၊ ခရိုအေးရှား ဒုတိယလို့ ကြိုတင်ခန့်မှန်းထားတာပေါ့ဗျာ။” အုပ်စု အေမှာ နောက်တဆင့် ကို တက်နိုင်ရေးအတွက် နောက်ဆုံး ပွဲစဉ်အဖြစ် မက္ကဆီကိုနဲ့  ခရိုအေးရှား ယှဉ်ပြိုင်ရမှာပါ။ လောလောဆယ် မက္ကဆီကိုက ၄ မှတ်၊ ခရိုအေးရှားက ၃ မှတ်ရထားလို့ ဒီပွဲမှာ သရေကျယုံနဲ့ မက္ကဆီကိုက တက်ဖို့အခွင့်အရေး ရှိနေပြီး ခရိုအေးရှားက အနိုင်ရမှ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။  ခရိုအေးရှား နည်းပြ ကိုဗက်ကတော့ မက္ကဆီကို အသင်းအနေနဲ့  ခရိုအေးရှားနဲ့ ရင်ဆိုင်ဖို့အတွက် ကြောက်ဒူး တုန်နေ လောက်ပြီလို့   ပြောဆိုလိုက်ပါတယ်။ အခုလောက်ဆို မက္ကဆီကို အသင်း ဖိအားတွေ အောက်ရောက်နေလောက်ပါပြီ။ သူတို့အသင်းကို အနိုင်ယူဖို့ လုံလောက် အခြေအနေတွေ ရှိနေပါတယ်။ တကယ်လို့ ကြောက်ချင်း ကြောက်ရင် သူတို့ အသင်းက ကျနော်တို့ကို ကြောက်ရမှာပါလို့  ခရိုအေးရှား နည်းပြ က ပြောပါတယ်။ ခရိုအေးရှားဟာ ၁၉၉၈ မှာ အမြင့်ဆုံး အနေနဲ့ ဆီမီးဖိုင်နယ်ကို ရောက်ခဲ့ပြီး အဲဒီ နောက်ပိုင်းမှာတော့ ရှုံးထွက် အဆင့်အထိ တက်လှမ်းနိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up