မက္ကဆီကိုအသင်း ခရိုအေးရှားနှင့် ရင်ဆိုင်ရန် ကြောက်ဒူးတုန်နေဟု ခရိုအေးရှားနည်းပြ ပြော

ခရိုအေးရှား နည်းပြ ကိုဗက်
မက္ကဆီကို အသင်းအနေနဲ့  ခရိုအေးရှားနဲ့ ရင်ဆိုင်ဖို့အတွက် ကြောက်ဒူး တုန်နေ လောက်ပြီလို့  ခရိုအေးရှား နည်းပြက ပြောဆိုလိုက်ပါတယ်။ [caption id="attachment_59007" align="alignright" width="300"]ခရိုအေးရှား နည်းပြ ကိုဗက် ခရိုအေးရှား နည်းပြ ကိုဗက်[/caption] အုပ်စုအေမှာ နောက်တဆင့်ကို တက်နိုင်ရေးအတွက် နောက်ဆုံး ပွဲစဉ်အဖြစ် မက္ကဆီကိုနဲ့  ခရိုအေးရှား ယှဉ်ပြိုင်ရမှာပါ။ လောလောဆယ် မက္ကဆီကိုက ၄ မှတ်၊ ခရိုအေးရှားက ၃ မှတ်ရထားလို့ ဒီပွဲမှာ သရေကျယုံနဲ့ မက္ကဆီကိုက ရှုံးထွက်ကို တက်ဖို့အခွင့်အရေး ရှိနေပြီး ခရိုအေးရှားက အနိုင်ရမှ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အခုလောက်ဆို မက္ကဆီကို အသင်း ဖိအားတွေ အောက်ရောက်နေလောက်ပါပြီ။ သူတို့အသင်းကို အနိုင်ယူဖို့ လုံလောက် အခြေအနေတွေ ရှိနေပါတယ်။ တကယ်လို့ ကြောက်ချင်း ကြောက်ရင် သူတို့ အသင်းက ကျနော်တို့ကို ကြောက်ရမှာပါလို့  ခရိုအေးရှား နည်းပြ ကိုဗက်က ပြောပါတယ်။ ခရိုအေးရှားဟာ ၁၉၉၈ မှာ အမြင့်ဆုံး အနေနဲ့ ဆီမီးဖိုင်နယ်ကို ရောက်ခဲ့ပြီး အဲဒီ နောက်ပိုင်းမှာတော့ ရှုံးထွက်အဆင့်အထိ တက်လှမ်းနိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up