လယ်ပေါင်ပြီး ငွေချေးနိုင်ရေးကိစ္စ ဆောင်ရွက်နေ
DVB
·
June 20, 2014
လယ်သမားတွေအနေနဲ့ ကိုယ်ပိုင်တဲ့ လယ်ကို အပေါင်ထားပြီး ဘဏ်ကနေ ငွေချေးခွင့် ရအောင် ဗဟိုဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးအုန်းသန်းက ပြောပါတယ်။
ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာ ဖြစ်ပြီး ဒီ ချေးငွေဟာ လယ်ယာစိုက်ပျိုးဖို့အတွက် အရင်းအနှီးလုပ်မယ့် ငွေပဲ ဖြစ်ရမယ်လို့ သူက ရှင်းပြပါတယ်။
လယ်တကွက်ကို ပေါင်ရင် ငွေဘယ်လောက် ချေးပေးမလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ ဒေသရဲ့ ထူးခြားတဲ့ အခြေအနေ၊ ရာသီဥတုနဲ့ သီးနှံထွက်နှုန်း စတာတွေအပေါ် မူတည် သတ်မှတ်ပေးမှာ ဖြစ်ပြီး အတိုးနှုန်း ဘယ်လောက် ထားမယ်၊ ဘယ်အချိန်မှာ စပြီးချေးနိုင်မယ် ဆိုတာကိုတော့ ဗဟိုဘဏ်က သတ်မှတ်မှာ ဖြစ်ကြောင်း ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။