တရုတ်နိုင်ငံတွင် နှစ် ၁၀၀ အတွင်း အကြီးမားဆုံး ရေလွှမ်းမိုး

ဓာတ်ပုံ - chinadaily.com.cn
757
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီထောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လူကျိုးမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က နှစ် ၁၀၀ အတွင်း အကြီးဆုံးရေလွှမ်းမိုးမှုဒဏ်ကို ခံနေရပါတယ်။
[caption id="attachment_58924" align="alignright" width="300"]
ဓာတ်ပုံ - chinadaily.com.cn[/caption]
ဒါကြောင့် စိုက်ပျိုးရေး သယ်ယူပို့ဆောင်ရေးနဲ့ အိုးအိမ်တွေ အကြီးအကျယ် ပျက်စီးပါတယ်။
၆ နာရီအတွင်း ရွာသွန်းတဲ့ မိုးရေချိန်က ၂၀ ဒသမ ၅ စင်တီမီတာကို ကျော်ခဲ့တယ်လို့ ဒေသခံ မိုးလေ၀သဌာနက ဆိုပါတယ်။
နန်ကျင်းမြစ်ဘေးက အပန်းဖြေစခန်းကတော့ ကပ်သင့်ဒေသ ဖြစ်ခဲ့ပါတယ်။ ဒီစခန်းတခုတည်းက စီးပွားရေးဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၈ သောင်းကနေ ၉ သောင်းခွဲကျော် ရှိတယ်လို့ ပိုင်ရှင်က ပြောပါတယ်။
ရေလွှမ်းမိုးမှုကြောင့် မြေပြိုမှုတွေ အတော်များများဖြစ်ခဲ့လို့ တောင်စောင်းက အိမ်တွေမှာ ဆက်မနေရဲတော့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
အစိုးရခေါင်းဆောင်တွေက ဒေသခံတွေအတွက် ကပ်ဘေးသက်သာရေး ပစ္စည်းတချို့ ပို့ပေးထားတယ်လို့လည်း ပြောပါတယ်။
“စိုက်ပျိုးမြေဟက်တာ ၁၃၀ ကျော် ရေလွှမ်းမိုးခဲ့ပြီး တချို့ကောက်ပဲသီးနှံတွေ ပျက်ကုန်တယ်။ သောက်ရေရင်းမြစ်တွေ တယ်လီကွန် ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား အဆောက်အဦတွေလည်း ပျက်စီးကုန်တယ်။”
ပိုးသတ်ဖို့နဲ့ သောင်တူးဖို့ သက်ဆိုင်ရာ ဌာန၀န်ထမ်းတွေကိုလည်း တာဝန်ချထားကြောင်း၊ ပြတ်တောက်သွားတဲ့ လမ်း ၉ လမ်းကို ပြန်ပြင်ပြီးဖြစ်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ပံ့ပိုးမယ်လို့ အာမခံကြောင်း ဒေသခံအစိုးရက ဆိုပါတယ်။
