ရာထူးက နုတ်ထွက်မည်မဟုတ်ဟု အင်္ဂလန်နည်းပြပြော

အင်္ဂလန်နည်းပြ ရွိင်ဟော့ဆန်
640
[caption id="attachment_58918" align="alignright" width="300"]
အင်္ဂလန်နည်းပြ ရွိင်ဟော့ဆန်[/caption]အင်္ဂလန်အသင်းဟာ ၂ ပွဲဆက် ရှုံးပေမယ်လည်း နည်းပြရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ နည်းပြ ရွိင်ဟော့ဆန်က ပြောပါတယ်။
အင်္ဂလန်ဟာ အုပ်စုတွင်းမှာ အီတလီနဲ့ ဥရုဂွေးကို ရှုံးထားလို့ အုပ်စုကနေ တက်ဖို့ အခွင့်အလန်း နည်းပါးသွားပေမယ့်လည်း နည်းပြက ထွက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောကြားလိုက်တာပါ။
ဥရုဂွေးကို ရှုံးပေမယ့်လည်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ကျေနပ်တယ်လို့ ဆိုပါတယ်။
အင်္ဂလန်ဟာ ကော်စတာရီကာနဲ့ နောက်ဆုံးပွဲစဉ်မှာ အနိုင်ရဖို့ လိုအပ်နေပြီး တဖက်မှာ အီတလီက လက်ကျန် ၂ ပွဲလုံးကို အနိုင်ကစားနိုင်မှ အုပ်စုကတက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
