အီတလီ အလေးသာ

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း ဒုတိယပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားနေကြရာမှာ နာမည်ကြီး အသင်းတချို့ အရေးမလှ ဖြစ်ခဲ့ကြပါတယ်။ လတ်တလောမှာကို လက်ရှိချန်ပီယံ စပိန်က အုပ်စုကနေ ထွက်ခွာခဲ့ပြီဖြစ်ပြီး အင်္ဂလန်အသင်းကတော့ အခွင့်အလမ်း အနည်းငယ်သာ ရှိပါတယ်။ Match Brazil and Croatiaဇွန် ၂၀ ရက်နေ့ညနဲ့ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ကစားကြမယ့်ပွဲတွေကတော့ နာမည်ကြီး အသင်းတွေဖြစ်တဲ့ အီတလီနဲ့ ပြင်သစ်အသင်းတို့ရဲ့ ကစားမယ့်ပွဲစဉ်တွေ ပါဝင်နေပါတယ်။ အီတလီက အုပ်စုတွင်းမှာ သူ့လိုပဲ ၃ မှတ်ရထားတဲ့ ကော်စတာရီကာနဲ့ ကစားရမှာ ဖြစ်ပြီး ပြင်သစ်ကတော့ ဆွစ်ဇာလန်နဲ့ ကစားရမှာပါ။ မနက်စောစောပိုင်းပွဲမှာတော့ ဟွန်ဒူးရပ်စ်နဲ့ အီကွေဒေါတို့ ကစားဖို့ ရှိပါတယ်။ အုပ်စုအဖွင့်ပွဲမှာ အင်္ဂလန်ကို အနိုင်ရထားတဲ့ အီတလီအသင်းဟာ ဥရုဂွေးအသင်းကို ဂိုးပြတ်သွင်း အနိုင်ရထားတဲ့ ကော်စတာရီကာနဲ့ ကစားရမှာမို့ လူစုံထုတ် ကစားဖို့ ရှိပါတယ်။ အိုလံပစ်အားကစားဂျာနယ်အယ်ဒီတာ ဦးဟိန်းသန့်ကတော့ အီတလီနိုင်ဖို့ ရှိတယ်လို့ သုံးသပ် ပြောပါတယ်။ “ကော်စတာရီကာ က မထင်မှတ်ပဲ ဥရုဂွေးကို အနိုင်ကစားပြလိုက်တော့ စိတ်ဓာတ်ပိုင်းတော့ အားကောင်းနေလိမ့်မယ်။ စိတ်ဓာတ်ပိုင်း အားကောင်းပြီး ကစားတာလည်း ပိုကောင်းလာဖို့ များတယ်။ ဒါပေမယ့် အတွေ့အကြုံပိုင်းမှာတော့ အီတလီက ပိုသာတယ်။ အီတလီက ပွဲမှာ ခံစစ်ကစားပြီးတော့ ကော်စတာရီကာကို တိုက်စစ် မြူကစားသွားပြီးတော့ အခွင့်အရေးရရင် ဂိုးသွင်းနိုင်မယ့် တိုက်စစ်မှူးတွေလည်း ရှိတယ်။ ဘာလော့ တယ်လီတို့ကလည်း ခြေစွမ်းပြနိုင်တယ်ဆိုတော့ အဲဒီပွဲကတော့ အီတလီ နိုင်မယ့်ပွဲပါပဲ။” မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်းကလည်း အီတလီ သရေနဲ့ အနိုင်လို့ ခန့်မှန်းပါတယ်။ “အီတလီကို နည်းနည်းပိုကြိုက်တယ်။ ဘာလို့ဆိုရင် ကစားသမားချင်း ယှဉ်မယ်ဆိုရင် အီတလီမှာက မျှတနေတယ်။ သက်ကြီးတဲ့ကစားသမားပါသလို အငယ်တွေနဲ့ ပေါင်းစပ်ထားတဲ့ အသင်းလည်းဖြစ်နေတယ်။ အတွေ့အကြုံရှိ ကစားသမားတွေလည်း ရှိတော့ အီတလီကို နည်းနည်းလေးသာမယ်လို့ ထင်တယ်။ အီတလီက သရေနဲ့အနိုင်လို့ ကျနော် ခန့်မှန်းတယ်။” သူတို့ သုံးသပ်ချက်တွေ ဘယ်လောက်မှန်လဲဆိုတာကို ဇွန် ၂၀ ရက်နေ့ ည ၁၀ နာရီခွဲမှာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up