ဇွန်လ ၂၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
June 19, 2014
ဇွန် ၁၉ ရက်နေ့ မနက် ၇ နာရီခွဲ ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။
ဇွန်လ ၂၀ ရက်နေ့
မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၃ ပေလောက်ရှိနိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၅ ပေ ကနေ ၇ ပေလောက် မြင့်တက်နိုင်ပါတယ်။
အပူရှိန်မြင့်တက်နိုင်မှုအနေနဲ့ကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက် ကျရာက်နိုင်တဲ့ မြို့တွေကတော့ မြိတ်မြို့၊ မြစ်ကြီးနားမြို့၊ ဘားအံမြို့၊ မော်လမြိုင်မြို့တွေပဲဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးဖြစ်တဲ့ မော်လမြိုင်မြို့မှာတော့ အညွှန်းကိန်းတန်ဖိုး ၇ ဒသမ ၆ သာရှိနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ ဟားခါးမြို့နဲ့ လားရှိုးမြို့တွေ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ကတော့ ၁၂ ဒသမ ၈ ကျရောက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်းတန်ဖိုး ၁၁ ကနေ ၁၂ ကျော်တဲ့အထိမြင့် တက်နိုင် ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုကတာ့ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ နေရာကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅၀ မီလီမီတာလောက် မိုးရွာနိုင် ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၉၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၁၀၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။