နိုင်ငံသား ၄၀ အီရတ်တွင် ပြန်ပေးဆွဲခံရဟု အိန္ဒိယပြော

ပြန်ပေးဆွဲခံရသူတွေရဲ့ ဆွေမျိုးများ
အိန္ဒိယအစိုးရက သူနိုင်ငံသား အယောက် ၄၀ ဟာ အီရတ်နိုင်ငံအတွင်း ပြန်ပေးဆွဲ ခံထားရတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့က အတည်ပြုပါတယ်။ [caption id="attachment_58821" align="alignright" width="300"]ပြန်ပေးဆွဲခံရသူတွေရဲ့ ဆွေမျိုးများ ပြန်ပေးဆွဲခံရသူတွေရဲ့ ဆွေမျိုးများ[/caption] ဆွန်နီစစ်သွေးကြွတွေက ထိန်းချုပ်ထားတဲ့ နိုင်ငံမြောက်ပိုင်း မိုဆူးလ်မြို့က ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ မိမိတို့ နိုင်ငံသားတွေ ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ လခြမ်းနီအဖွဲ့ အပါအ၀င် သတင်းရင်းမြစ်အမျိုးမျိုးကို စုစည်း အတည်ပြုတာ ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။ ပြန်ပေးဆွဲခံရသူတွေရဲ့ ဆွေမျိုးတွေက အိန္ဒိယမြောက်ပိုင်း အမာရစ်ဆာမြို့က ဆစ်ခ်ဘုရားကျောင်းမှာ ဆုတောင်းရင်း အစိုးရကို ကူညီဖို့ တိုက်တွန်းပါတယ်။ လက်ရှိ အာဏာရ ဘီဂျေပီပါတီက နိုင်ငံရေးသမားတယောက်ကတော့ အစိုးရက အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ မြို့တော်နယူးဒေလီမှာတော့ အိန္ဒိယ ရှီးယားဂိုဏ်းဝင် ဒါဇင်နည်းနည်းက အီရတ်က သူတို့ရဲ့ ဗလီနဲ့ ရှီးယားအုပ်စုကို ပစ်မှတ်ထားနေတဲ့ ဆွန်နီစစ်သွေးကြွတွေရဲ့ အားထုတ်မှု တိုးလာနိုင်ချေအပေါ် ဆန္ဒပြနေပါတယ်။ အီရတ်အစိုးရတပ်တွေဟာ မြို့တော်ဘဂ္ဂဒက်မြောက်ဘက်က ဆမာရာမြို့ပြင်မှာ ဆွန်နီသူပုန်တွေကို ထိန်းချုပ်ထားဆဲပါ။ ဆွန်နီတိုက်ခိုက်ရေးသမားတွေကတော့ အလယ်ခေတ်ကတည်းက ရှီးယားဂိုဏ်းဝင်တွေ အခြေချနေထိုင်ရာ နာဂျက်နဲ့ ကာဘာလာမြို့တွေကို တိုက်ခိုက်မှု ဆက်လုပ်မယ်လို့ ကတိပြုခဲ့ကြ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up