မကွေးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူးနှင့် မေးမြန်းချက်
အေးနိုင်
·
June 18, 2014
မကွေးတိုင်း မကွေးမြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဦးဆောင်လုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်ကို ပွဲအပြီးမှာ အုပ်ချုပ်ရေးပိုင်းက အသံချဲ့စက်ပုဒ်မနဲ့ တရားစွဲဆိုလို့ အမှုရင်ဆိုင်ရပါတယ်။
ကနဦးပိုင်းတုန်းက သူ့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်စုဝေးခွင့်ပုဒ်မ (၁၈) နဲ့ စွဲဆိုမယ်လို့ ကောလာဟလ ထွက်ပေမယ့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ပုဒ်မ ၂၇ နဲ့သာ စွဲဆိုတာခံရပြီး အမှုရင်ဆိုင်တယ်လို့ ဦးနေမျိုးကျော်က ပြောပါတယ်။
ဦးနေမျိုးကျော်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။