မလေးရှား အနောက်ဘက်ကမ်းရိုးတန်းတွင် လှေတစီး နစ်မြှုပ်

မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်မှ ကယ်တင်နေစဉ်
မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ အင်ဒိုနီးရှား တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယူဆရသူတွေကို တင်လာတဲ့ သစ်သားလှေတစီး ဒီနေ့ နစ်မြှုပ်ခဲ့ပါတယ်။ [caption id="attachment_58753" align="alignright" width="300"]မလေးရှားပင်လယ်ရေကြောင်း အာဏာတည်ရေးအေဂျင်စီ (အမ်အမ်အီးအေ) ရေယာဉ်မှ  ကယ်တင်နေစဉ် မလေးရှားပင်လယ်ရေကြောင်း အာဏာတည်ရေးအေဂျင်စီ (အမ်အမ်အီးအေ) ရေယာဉ်မှ ကယ်တင်နေစဉ်[/caption]ဒါကြောင့် ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေတဲ့ လူ အနည်းဆုံး ၄၂ ယောက်ကို ရှာနေပါတယ်။ အစောပိုင်းကတော့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးရဲ့ အလောင်းကို ဆယ်ထားတယ်လို့ မီဒီယာတွေက ရေးပါတယ်။ မလေးရှားပင်လယ်ရေကြောင်း အာဏာတည်ရေးအေဂျင်စီ (အမ်အမ်အီးအေ)ရဲ့ အရာရှိ မိုဟာမက် ဇူရိက “လှေပေါ်မှာ အမျိုးသမီးနဲ့ ကလေးတွေအပါအ၀င် လူ ၉၇ ယောက် တင်ဆောင်ထားပြီး လှေကလည်း ပင်လယ်အတွက် မသင့်တော်ဘူး။ လှေက မလေးရှားကို ဦးတည်ခဲ့တယ်” လို့ ပြောပါတယ်။ ကယ်ဆယ်ရေး အရာရှိ အခြားတဦးကတော့ လှေဟာ မလေးရှားနိုင်ငံက ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ လူသိများတဲ့ ကာရေးကျွန်းကနေ အင်ဒိုနီးရှားမြောက် ပိုင်းစွန်း အာချေးပြည်နယ်ကို သွားတာလို့ ပြောပါတယ်။ အာဆီယံဒေသအတွင်း ချမ်းသာတဲ့မလေးရှားနိုင်ငံဟာ ဒေသတွင်း ပိုဆင်းရဲတဲ့ နိုင်ငံတွေက တရားမ၀င်လုပ်သားတွေကို ဆွဲဆောင်သလို ဖြစ်နေခဲ့တာ ကြာပါပြီ။ တရားမ၀င် လုပ်သားတွေကို နှိမ်နင်းမှုတွေ ပုံမှန်လုပ်ပေမယ့် မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၂ သန်းထိ ရှိတယ်လို့ ခန့်မှန်းထားပြီး ဒီလူဦးရေဟာ နိုင်ငံလူဦးရေရဲ့ ၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up