ဗြိတိန်နှင့် ယဉ်ကျေးမှုဖလှယ်ရေးတိုးမြှင့်ရန် တရုတ် ကတိပြု

ဗြိတိန်ဘုရင်မ အဲလိဇဘက် (၂) နှင့် တရုတ်ဝန်ကြီးချုပ် လီကီချန် တို့ တွေ့ဆုံစဉ်
ဗြိတိန်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ တရုတ်ဝန်ကြီးချုပ် လီကီချန်က ယဉ်ကျေးမှု ဖလှယ်ရေးတိုးမြှင့်ဖို့ ဇွန် ၁၇ ရက်နေ့က ကတိပြုလိုက်ပါတယ်။ ၀င်ဆာရဲတိုက်မှာ အဲလိဇဘက်ဘုရင်မကြီးနဲ့ တွေ့ဆုံစဉ် အခုလိုပြောတာ ဖြစ်ပါတယ်။ [caption id="attachment_58731" align="alignright" width="300"]ဗြိတိန်ဘုရင်မ အဲလိဇဘက် (၂)  နှင့် တရုတ်ဝန်ကြီးချုပ် လီကီချန် တို့ တွေ့ဆုံစဉ် ဗြိတိန်ဘုရင်မ အဲလိဇဘက် (၂) နှင့် တရုတ်ဝန်ကြီးချုပ် လီကီချန် တို့ တွေ့ဆုံစဉ်[/caption]တရုတ်ဟာ လူ့အဖွဲ့အစည်း တိုးတက်ရေး ထည့်ဝင်မှုတွေကို ဆန်းသစ်ဖို့ ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်မီ လူ့အဖွဲ့အစည်းတို့ ကောင်းကောင်းပေါင်းစပ်ရေးအတွက် တွန်းအားပေးဖို့ ဗြိတိန်ကနေ သင်ယူဖို့ အဆင်သင့်ပဲလို့လည်း တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။ နှစ်နိုင်ငံပြည်သူတွေအတွက် ပိုကြီးတဲ့ အကျိုးကျေးဇူးတွေရဖို့ အပြန်အလှန်ဆက်ဆံရေးကို ပိုကျန်းမာ တိုးတက်အောင်လုပ်ရေး ဗြိတိန်နဲ့အတူ လက်တွဲဖို့ လိုလားတယ်လို့လည်း သူက ပြောပါတယ်။ ဗြိတိန်နဲ့ တရုတ်လူငယ်တွေကြား ဖလှယ်မှုတွေ တိုးမြှင့်တာဟာ သူတို့အမြင်ကို ကျယ်စေပြီး အပြန်အလှန် နားလည်မှုနဲ့ ခင်မင်ရင်းနှီးမှုတွေ တိုးစေတယ်လို့ ဗြိတိန်ဘုရင်မ အဲလိဇဘက် (၂) က ပြောပါတယ်။ ဗြိတိန်-တရုတ် ၂ နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးဟာ ၂၀၁၅ မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထိ ရောက်ဖို့ တရုတ်ဝန်ကြီးချုပ်က ဇွန် ၁၇ ရက်နေ့က အဆိုပြုခဲ့ပါသေးတယ်။ ဇွန် ၁၆ ရက်နေ့က ဗြိတိန်ကို တရားဝင်ခရီးစဉ်နဲ့ ရောက်နေတဲ့ တရုတ်ဝန်ကြီးချုပ်ဟာ ဂရိနိုင်ငံကို ဆက်သွားဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up