ရုရှားတပ်က ကျူးကျော်ရင် အသင့်အနေအထားရှိဟု ယူကရိန်းပြော

အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဥက္ကဋ္ဌ
685
ယူကရိန်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီဥက္ကဋ္ဌက ရုရှားတပ်တွေဟာ ယူကရိန်းနယ်စပ်နဲ့ တဖက်မှာ အင်အားအလုံးအရင်းနဲ့ ထပ်မံတပ်စွဲနေပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်မယ်ဆိုရင် အသင့်အနေအထားမှာ ရှိနေတယ်လို့ ပြောဆိုပါတယ်။
[caption id="attachment_58705" align="alignright" width="300"]
အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဥက္ကဋ္ဌ[/caption]
အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ဥက္ကဋ္ဌ က ကီယက်မြို့တော်မှာ သတင်းထောက် တွေနဲ့ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ က တွေ့ဆုံစဉ် မှာ ပြောကြားခဲ့ တာ ဖြစ်ပါတယ်။
နောက်ဆုံးရခဲ့တဲ့ စစ်ထောက် လှမ်းရေး သတင်းတွေအရ ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့ဝင်အင်အား ၁၆၀၀၀၊ ကရိုင်းမီးယားမှာ အင်အား ၂၀၀၀၀နဲ့ ယူကရိန်းအနောက်ပိုင်းက ဗော်ဒိုဗာနဲ့ နယ်စပ်မှာ အင်အား ၃၅၀၀ ချထားပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်မယ်ဆိုရင် အဆင်သင့်အနေအထားမှာ ရှိနေတယ်လို့ ပြောဆိုပါတယ်။
ဇွန် ၁၅ ရက်နေ့က ယူကရိန်းအရှေ့ပိုင်းက အကြမ်းဖက်တွေအပေါ် စစ်ဆင်ရေးတွေ လုပ်ရာမှာ နယ်မြေတွေ ပြန်လည် သိမ်းယူရရှိနေတယ်လို့ ပြောဆိုပါတယ်။
ခွဲထွက်ရေးသူပုန် အယောက် ၅၀ သေဆုံးပြီး သူတို့တွေရဲ့ လက်နက်တိုက်တခုကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးအရာရှိက ပြောဆိုပါတယ်။
ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေကို ရုရှားနိုင်ငံက ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေက စွပ်စွဲ ပြောဆိုနေပြီး ရုရှားနိုင်ငံကတော့ ငြင်းဆိုနေပါတယ်။
