ဂျာမနီဝန်ကြီးချုပ် ဘောလုံးအသင်းနှင့် အောင်ပွဲခံ
DVB
·
June 17, 2014
ပေါ်တူဂီကို ၄-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က ဂျာမနီဘောလုံးအသင်းတွေနဲ့အတူ သွားရောက် အောင်ပွဲခံခဲ့ပါတယ်။
ဂျာမန်ဝန်ကြီးချုပ်ဟာ အဲဒီပွဲစဉ်အတွက် ဘရာဇီးကို လာရောက်ပြီး အားပေးခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ပိုဒေါစကီးက ၀န်ကြီးချုပ် မာကယ်လ် လာရောက် အောင်ပွဲ ခံတဲ့အချိန် ဓာတ်ပုံ အတူရိုက်ပြီး သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တင်ထားသလို ဒါအပြင် အ၀တ်အစားလဲခန်းထဲမှာ ၀န်ကြီးချုပ်နဲ့ အတူ အောင်ပွဲခံတဲ့ ဓာတ်ပုံကိုလည်း ရိုက်ကူးခဲ့ပါတယ်။