A d v e r t i s e m e n t With Us

တပ်သိမ်းမြေများ ပြန်ရရေး မြစ်သားမြို့နယ်ဒေသခံများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်က လွန်ကျော်ရွာ၊ ပေတောရွာ၊ ထားဝယ်အင်း စတဲ့ ရွာ ၆ ရွာက တောင်သူတွေဟာ ဓားမဦးချမြေတွေ ပြန်ရဖို့အတွက် ဒီနေ့ စတင်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြပါတယ်။ 4f06bdd820d3fba-V copy image-8a7f2781ccee82e-V copy image-8722bf1a97576e01-V copy image-e6d88fc5904f1ed-V copyဒီမြေတွေကို ၁၉၇၆ ခုနှစ်လောက်က စသိမ်းခဲ့တာဖြစ်ပြီး ဌာနတွေပြောင်းလဲရာ ကနေ နောက်ဆုံး တပ်ပိုင်မြေအဖြစ် သိမ်းထား တယ်လို့ တောင်သူတွေ က ပြောပါတယ်။ အခုတော့ ဒီမြေမှာ စိုက်ပျိုးနေတဲ့တောင် သူတွေဟာ လွန်ကျော် ၀ါစိုက်ပျိုးရေး အမှတ် ၃ တပ်ကို ၀ါ ၁ ဧက ၀ါ ၁၅ ပိဿာပေးရပြီး တခြားသီးနှံစိုက် မယ်ဆိုရင်လည်း သတ်မှတ်တဲ့ သီးစားခတွေ ပေးနေ ရတယ်လို့ ပြည်လုံးအံ့ရွာ က တောင်သူ ဦးဝင်းနိုင်ဦး က ပြောပါတယ်။ သိမ်းယူပြီး ဘာမှမလုပ် လို့ တောရိုင်းဖြစ် သွားတဲ့ မြေတွေ ကို ပြန်ပေးမယ် ဆိုပြီး တောင်သူတွေကို ခုတ်ထွင်ခိုင်းခဲ့သေး တယ်လို့လည်း ဦးဝင်းနိုင်ဦး က ပြောပါတယ်။ နောက်ပိုင်းမှာလည်း ဒီမြေတွေ ကို ပြန်ပေးမယ် လို့ ပြောဆိုခဲ့ရှိပေမယ့် အခုအချိန်ထိ မရပါဘူးလို့ ထားဝယ်အင်းရွာက  တောင် သူ ဒေါ်ခင်တင့် က ပြောပါတယ်။ သက်ဆိုင်ရာကို အကြောင်းကြားပြီး လုပ်တဲ့ ဒီထွန်တုံးတိုက်ပွဲကို မြစ်သားမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေ လာရောက်လုံခြုံရေးပေးနေတယ်လို့ ဦးဝင်းနိုင်ဦးက ပြောပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်နဲ့ လာတာဖြစ်လို့ မဖြေကြားနိုင်ပါဘူးလို့ ပြောပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်

A d v e r t i s e m e n t With Us

More News
Up