ပီရူးနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ နောက်ဆက်တွဲ ရေကြီးမှုတွေ ကြောင့် ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး လမ်းတွေ ရေအောက်မြုပ်ကာ အိမ်တွေလည်း ပြိုကျသွား ပါတယ်။
တွံမ်ဘက်စ်၊ ပီအူရာ နဲ့ လမ်ဘာရဲ့ကယ်တို့ဟာ ထိခိုက်မှု အရှိဆုံးဒေသတွေ ဖြစ်ပါတယ်။
ရေကြီးနေတဲ့ လမ်းမအလယ်မှာ ရပ်နေတဲ့ ပီအူရာ ဒေသခံ ဘရိဂိသ် ရာမီရဲ ဟာ သူတို့အိမ် ရေထဲ ကို ဆုံးရှုံးသွားခဲ့ရပြီးနောက်မှာ သူနဲ့သူ့ကလေး ၂ ယောက် ၇ ရက်လောက် အိမ်ရာမဲ့ ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။
ပီရူးနိုင်ငံဝန်ကြီးများကောင်စီဥက္ကဋ္ဌ အလ်ဘဲ့တို အိုတာရိုလာက မတ် ၃၁ ရက်မှာ ကွန်ဂရက် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးတော့ မိုးရွာသွန်းမှုနဲ့ အယ်လ်နီညို ကော်စ်တိုရို လို့ခေါ်တဲ့ ကမ်းရိုးတန်း ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို တိုက်ဖျက်ဖို့ အစီအစဥ်တွေ ရေးဆွဲနေပါတယ်။
အယ်လ်နီညို ကော်စ်တိုရို လို့ခေါ်တဲ့ ကမ်းရိုးတန်း ရာသီဥတုဖြစ်စဉ်ဟာ တောင်အမေရိက ကမ်းရိုးတန်းမှာ သည်းထန်စွာရွာသွန်းတဲ့ မိုးရေတွေ လှည့်ပတ်နေတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေမျက်နှာပြင်တွေ ပူနွေးလာခြင်းဖြစ်ပါတယ်။
လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း မြောက်ဘက်ကမ်းရိုးတန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။