Thursday, June 8, 2023
HomeLead Storyအာကန်ဆပ်စ်ပြည်နယ်တွင် လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး

အာကန်ဆပ်စ်ပြည်နယ်တွင် လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ အာကန်ဆပ်စ်ပြည်နယ်ရဲ့ မြို့တော် လစ်တဲလ်ရော့ခ်နဲ့ အနီးနားရှိမြို့တွေမှာ  မတ် ၃၁ ရက်က ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်လို့ အဆောက်အဦတွေရဲ့ ခေါင်မိုးတွေနဲ့နံရံတွေ လန်ထွက်ပြုတ်ကျပြီး  အနည်းဆုံး လူ ၂ ဦး သေဆုံးကာ  ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေပြင်းတွေကြောင့် မော်တော်ယာဥ်တွေလည်း လွင့်ထွက်ကုန်ပြီး သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေ လဲကျကုန်ပါတယ်။

တန်နက်ဆီပြည်နယ်နယ်စပ်အနီး  လစ်တဲလ်ရောခ်မြို့ရဲ့ အရှေ့ဘက် မိုင် ၁၀၀ လောက်အကွာမှာ လေဆင်နှာမောင်း တိုက်ခတ်လို့  အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဆာရာ ဟပ်ကာဘီးဆန်းဒါးစ်က ညနှောင်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

လူ ၃၀ နီးပါးကို မီးသတ်ဌာနက သယ်ဆောင်သွားပြီး တခြား အရေးပေါ် ဝန်ထမ်းတွေကတော့ ဒဏ်ရာရရှိသူတွေကို နယ်မြေဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြောင်း မြို့တော်ဝန် ဖရန့်စကော့ ဂျူနီယာက ပြောကြားခဲ့ပါတယ်။

မြို့တော်ရဲ့အနောက်ဘက်စွန်းရှိ ဧရိယာအများအပြားဟာ အဆိုးရွားဆုံးထိခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပြီး မြို့တော်ဝန်က နေအိမ်ပျက်အစီးတွေက နေရာတော်များများမှာရှိခဲ့တယ်လို့လည်း  ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular