Friday, June 9, 2023
HomeLead Storyစပိန်တွင် အပူချိန် စံချိန်တင်မြင့်မားပြီး တောမီးလောင်

စပိန်တွင် အပူချိန် စံချိန်တင်မြင့်မားပြီး တောမီးလောင်

စပိန်နိုင်ငံတဝန်းလုံးမှာ နွေဦးရာသီ အပူချိန် စံချိန်တင်မြင့်မားမှုကြောင့် မီးဘေးအန္တရာယ်လည်း မြင့်တက်လာပြီး စပိန်မြောက်ပိုင်း အက်စ်တူးရီးယပ်စ်ဒေသမှာ မတ်လ ၃၀ ရက်က တောမီး ၁၀၀ ကျော် လောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

စပိန်နိုင်ငံဟာ ပုံမှန်ထက် ၇ ဒီဂရီမှ ၁၄ ဒီဂရီကြား အပူချိန်နဲ့အတူ အပူဆုံး မတ်လ ၂၉ ရက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အက်မက်ထ် မိုးလေဝသဌာနက ပြောပါတယ်။

အက်စ်တူးရီးယပ်စ်ဒေသဟာ သစ်တောလမ်းကြောင်းတွေကို ဝင်ရောက်ဖြတ်သန်းခြင်းနဲ့ မီးရှို့ခြင်းတွေ၊ စက်ယန္တရားတွေနဲ့ တောမီးလောင်မှုတွေကို ပိုဆိုးရွားစေနိုင်တဲ့ မော်တော်ယာဥ် ပစ္စည်းကိရိယာတွေကို အသုံးပြုခြင်းတွေကိုလည်း ထိန်းချုပ်ထားပါတယ်။

ဒေသဆိုင်ရာ ရုပ်မြင်သံကြားဌာနတခုက ဗီဒီယိုဖိုင်ထဲမှာတော့ မီးတောက်ကြီးတွေရဲ့ ခပ်ဝေးဝေးမှာ မောင်းနှင်နေတဲ့ ကားတွေနဲ့ အဲဒီဧရိယာကို စိုစွတ်စေဖို့ အရေးပေါ် ရေဖျန်းပေးနေတာတွေကို ပြသခဲ့ပါတယ်။

“အက်စ်တူးရီးယပ်စ်က မီးလောင်တာ မဟုတ်ပါဘူး။ မီးရှို့ခံရတာပါ” လို့ ဒေသခေါင်းဆောင် အက်ဒရီယန် ဘာဘွန်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

တာဝန်ရှိတဲ့သူတွေက သစ်တောတွေကို မီးရှို့တဲ့သူတွေပဲလို့လည်း ဆိုပါတယ်။ သူတို့ဟာ ရာဇဝတ်ကောင်တွေ၊ ဥပဒေမဲ့ လုပ်ဆောင်နေသူတွေမို့လို့ သူတို့ကို တရားစွဲပြီး အရေးယူခိုင်းမယ်လို့လည်း ဒေသခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဗလင်စီယာအရှေ့ပိုင်းဒေသမှာ အရှိန်ပြင်းပြင်း လောင်ကျွမ်းနေဆဲဖြစ်တဲ့ အခုနှစ်အတွက် ပထမဆုံး တောမီးလောင်ကျွမ်းမှုကို အခုထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ဟက်တာပေါင်း ၄,၇၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular