အီရတ်အကျပ်အတည်းနှင့် အာရပ်ဒေသလုံခြုံရေး ဆွေးနွေး

အာရပ်အဖွဲ့ချုပ်ရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေက အီရတ်အကျပ်အတည်း၊ အာရပ်နဲ့ ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က အရေးပေါ် အစည်းအဝေးတခုကို ကျင်းပပါတယ်။ unnamedအီရတ်နိုင်ငံအတွင်း အိုင်အက်စ်အိုင်အယ်လ် (ISIL)သူပုန်တွေကို တိုက်ဖို့နဲ့ အခြေအနေကို ဖြေရှင်းဖို့ အီရတ်နိုင်ငံရေး အဖွဲ့အား လုံးကြား ပြန်လည် ရင်ကြားစေ့ရေးက အရေးကြီးကြောင်း အစည်းအဝေးအတွင်းမှာ ထပ်မံ ပြောတယ်လို့ အာရပ်အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ အာရပ်အဖွဲ့ချုပ်ရဲ့ဒုဥက္ကဋ္ဌ အာမက် ဘင် ဟဲလီက အီရတ်နိုင်ငံတွင်း ဖြစ်နေတာတွေက အာရပ်လုံခြုံရေးကိုသာမက ဒေသတွင်းလုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။ မနှစ်က မြို့တွေကို ဆက်တိုက်သိမ်းယူခဲ့တဲ့ အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ လွှမ်းမိုးနိုင်တဲ့အဖွဲ့ ဖြစ်လာခဲ့ပါပြီ။ ဇွန် ၁၅ ရက်နေ့ကတော့ သူပုန်တွေက စစ်တပ်ကို အီရတ်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ ပြိုကွဲသွားအောင် ခြိမ်းခြောက်နိုင်ခဲ့ပြီး ဆွန်နီစစ်သွေးကြွတွေက ဆီးရီးယားနယ်စပ်နားက မြို့ကို စီးနင်းခဲ့လို့ အစိုးရတပ်တွေ၊ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်နဲ့ ဒေသခံ အရာရှိတွေက ပြောပါတယ်။ အီရန်သမ္မတကတော့ အကူအညီ တောင်းခဲ့ရင် ကူညီဖို့ သူ့နိုင်ငံက အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတော့ အီရတ်လုံခြုံရေးအတွက် စစ်ရေးနည်းလမ်းကို သုံးသပ်နေဆဲလို့ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က ပြောပါတယ်။ အမေရိကန်သမ္မတက လေယာဉ်တင်သင်္ဘောတွေ ပင်လယ်ကွေ့ကို ရွှေ့ဖို့ ဇွန် ၁၅ ရက်နေ့က အမိန့်ပေးခဲ့ပြီး အစိုးရက ဆုံးဖြတ်ချက် ချတာနဲ့ တပြိုင်နက် စစ်ဆင်ရေး ဆင်နွှဲဖို့ အသင့်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up