Home
မြန်မာသတင်း
ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာဖြင့်လာမည့် မြန်မာနိုင်ငံသားများကို နေထိုင်ခွင့် ၁၄ ရက်သာ ပေးမည်
DVB
·
March 31, 2023

ထိုင်းနိုင်ငံကို ဗီဇာကြိုတင်လျှောက်ထားစရာမလိုဘဲ လာရောက်လည်ပတ်တဲ့ မြန်မာအပါအဝင် နိုင်ငံအသီးသီးက ခရီးသွားတွေကို အရင်က နေထိုင်ခွင့် ၄၅ ရက် ပေးထားရာကနေ လာမယ့် ၂၀၂၃ ဧပြီ ၁ ရက်ကစပြီး ၁၄ ရက်သာ ခွင့်ပြုတော့မယ်လို့ ဘန်ကောက်မြန်မာသံရုံးက  မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီလိုထုတ်ပြန်လိုက်တဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်တဦးက “အရင်ကတော့ ၄၅ ရက် နေခွင့်ရတယ်။ အခုက ၁၄ ရက်ပဲဆိုတော့ ကျနော်ကတော့ မြဝတီမှာလည်း ဆိုင်ရှိတယ်၊ မဲဆောက်မှာလည်း ဆိုင်ခွဲရှိတော့ သိပ်တော့ပြဿနာမရှိဘူး။ တခါသွားလည်း ၇ ရက်၊ ၆ ရက်ပေါ့။ ဒါပေမဲ့ ရပ်ဝေးကလာတဲ့ သူတွေကျတော့ ဒုက္ခရောက်တယ်လေ။ အခု မြဝတီ-ကော့ကရိတ်လမ်းပိုင်းကစစ်တွေတအားဖြစ်နေတော့ ရန်ကုန်ကိုပြန်ပြီး ဗီဇာပြန်လျှောက်ဖို့ ဆိုတာကကျ အခက်အခဲဖြစ်သွားမယ်။ လည်ပတ်မှုတွေ လျော့နည်းသွားမယ်ထင်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၂ အောက်တိုဘာကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာ (Visa on Arrival)နဲ့လာတဲ့ နိုင်ငံသားတွေကို နေထိုင်ခွင့် ၄၅ ရက် ခွင့်ပြုထားတာ သက်တမ်းကုန်ဆုံးပြီဖြစ်လို့ ဧပြီ ၁ ရက်က စတင်ပြီး ရက်ရှည်နေလိုသူတွေအနေနဲ့ ထိုင်းသံရုံး (ရန်ကုန်) မှာ ဗီဇာလာရောက် လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းထိ ထိုင်းနိုင်ငံထဲကို အာရှအရှေ့အလယ်ပိုင်းက ခရီးသည် ၄ သိန်းကျော် လာရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း ခရီးသည် ၂  ဒသမ ၄ သန်းအထိ လာရောက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024