Friday, June 9, 2023
HomeLead Storyဖိလစ်ပိုင်တွင် ခရီးသည်တင်ကူးတို့ မီးလောင်ပြီး ၁၀ ဦးသေဆုံး

ဖိလစ်ပိုင်တွင် ခရီးသည်တင်ကူးတို့ မီးလောင်ပြီး ၁၀ ဦးသေဆုံး

ဖိလစ်ပိုင်တောင်ပိုင်း၊ ဘာစလန်ပြည်နယ် ပင်လယ်ပြင်မှာ မတ်လ ၃၀ ရက်က ခရီးသည်တင် ကူးတို့ မီးလောင်မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ်က ပြောပါတယ်။

လေအေးပေးစက်တပ်ထားတဲ့ သင်္ဘောအခန်းငယ်တွေထဲကနေ မီးစလောင်တာဖြစ်ပြီး လူပေါင်း ၂၃၀ ကို ကယ်တင်နိုင်ခဲ့တယ်လို့ မင်ဒါနာအိုတောင်ပိုင်းရှိ ကမ်းခြေစောင့်တပ်ဖွဲ့ကို ကိုးကားပြီး ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။

ကူးတို့သင်္ဘောဟာ လူပေါင်း ၄၃၀ အထိ တင်ဆောင်နိုင်ပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုကို ကူညီပေးမှာဖြစ်ပြီး ဆီယိုဖိတ်မှုလက္ခဏာတွေကိုလည်း စစ်ဆေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ကျွန်းပေါင်း ၇,၆၀၀ ကျော်ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ရေကြောင်းလုံခြုံရေးအတွက် ညံ့ဖျင်းတဲ့ မှတ်တမ်းတခုရှိထားပြီး မကြာခဏ လူတွေပြည့်ကျပ်နေကာ သက်တမ်းရင့်ကြာနေတဲ့ သင်္ဘောတွေကို အသုံးပြုနေဆဲဖြစ်ပါတယ်။

မေလအတွင်းကလည်း ခရီးသည် ၁၃၄ ဦး တင်ဆောင်လာတဲ့ အမြန်ကူးတို့သင်္ဘောဟာ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular