Sunday, May 28, 2023
HomeLead StoryAI နည်းပညာ စမ်းသပ်ထုတ်လုပ်မှု ၆ လခန့် ရပ်ဆိုင်းထားရန် တောင်းဆို

AI နည်းပညာ စမ်းသပ်ထုတ်လုပ်မှု ၆ လခန့် ရပ်ဆိုင်းထားရန် တောင်းဆို

အခုတလော လူပြောများနေတဲ့ Chat GPT-4 ထက်ပိုပြီး အင်အားကြီးမားတဲ့ ကွန်ပြူတာ အသိဉာဏ်တု AI နည်းပညာတွေကို စမ်းသပ်ထုတ်လုပ်နေကြတဲ့ ပညာရှင်တွေအားလုံးအနေနဲ့ ၆ လတာလောက်ထိ ရပ်ဆိုင်းပေးထားကြဖို့ နည်းပညာသူဌေးကြီး အီလွန်မတ်စ်ခ် အပါအဝင် အထင်ကရ အိုင်တီပညာရှင် ၁,၀၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

AI နည်းပညာကို အန္တရာယ်မရှိလောက်အောင် ထိန်းသိမ်းကိုင်တွယ်နိုင်တဲ့အချိန် AI ရဲ့ သက်ရောက်မှုတွေဟာ အပြုသဘောဆောင်လာနိုင်ပြီဆိုတာ သေချာယုံကြည်မှုရှိနိုင်လောက်မယ့် အချိန်ကျမှပဲ အသိဉာဏ်စွမ်းအားကြီးမားတဲ့ AI စနစ်တွေကို ဖန်တီးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

အခုတလော လူပြောများနေတဲ့ Chat GPT သာမက တခြား AI နည်းပညာတွေလည်း အပြိုင်အဆိုင် ထွက်ပေါ်လာမယ့် အလားအလာ များနေတဲ့အချိန်မှာ AI နည်းပညာကြောင့် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်သတိပေးချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။

ထူးခြားတာကတော့ အခုအိတ်ဖွင့်ပေးစာမှာ လက်မှတ်ရေးထိုးတောင်းဆိုတာက Google နဲ့ Facebook Meta ကုမ္ပဏီတွေက AI နည်းပညာရှင်တွေကိုယ်တိုင် ပါဝင်နေတာဖြစ်ပါတယ်။

Google ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်နေတဲ့ အပြန်အလှန် စကားပြောဆိုနိုင်တဲ့ နည်းပညာ  LaMDA (Language Models for Dialog Applications) လို့ခေါ်တဲ့ အသိဉာဏ်တုစနစ်ဟာ အသက် ၇ နှစ် ၈ နှစ်အရွယ် လူသားတယောက်အရွယ်ထိ ခံစားသိရှိနေတယ်လို့ အင်ဂျင်နီယာဟောင်းတယောက်က မနှစ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular