Sunday, May 28, 2023
HomeLead Storyချီလီ အမျိုးသားတဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ ပထမဆုံးတွေ့ရှိ

ချီလီ အမျိုးသားတဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ ပထမဆုံးတွေ့ရှိ

ချီလီနိုင်ငံမှာ လူမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ပထမဆုံး တွေ့ရှိခဲ့ကြောင်း နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြင်းထန်တဲ့ တုပ်ကွေးရောဂါလက္ခဏာတွေ ပြနေတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးမှာ အဲဒီဖြစ်စဉ်ကို တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုလို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု အားလုံးအတွက် အခုချိန်မှာ အစိုးရရဲ့ ပရိုတိုကော ရှိထားတာကြောင့် ဒါကို အမျိုးအစား မခွဲခြားတတ်လို့ ပြည်သူ့ကျန်းမာရေးဌာနကို ပို့လိုက်တဲ့အခါ H5 virus ဖြစ်တဲ့ ကြက်ငှက်ဗိုင်းရပ်စ်လို့ တွေ့ရှိရကြောင်း ချီလီကျန်းမာရေးဝန်ကြီး စီမဲနာ အဂီလယ်ရာက ပြောပါတယ်။

အစိုးရကလည်း ကူးစက်မှုအရင်းအမြစ်အပြင် လူနာနဲ့ ထိတွေ့ခဲ့သူတွေကိုပါ စုံစမ်း စစ်ဆေးနေကြောင်းလည်း ဆိုပါတယ်။

ချီလီနိုင်ငံမှာ တောရိုင်းတိရိစ္ဆာန်တွေမှာ မနှစ်နှောင်းပိုင်းက စတင်ပြီး H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို အစီရင်ခံခဲ့ပါတယ်။

ချီလီကျန်းမာရေးအာဏာပိုင်တွေက ဒီဗိုင်းရပ်စ်ဟာ ငှက် သို့မဟုတ် အဏ္ဏဝါနို့တိုက်သတ္တဝါတွေ ဆီကနေ လူကို ကူးစက်နိုင်တယ်လို့ မှတ်ချက်ပြုပေမဲ့ လူမှလူသို့ ကူးစက်ခြင်းမရှိသေးကြောင်း သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular