တိုက်စစ်မှူးလူးဝစ် ဆွာရက် အင်္ဂလန်နှင့် ကစားမည့် အုပ်စုဒုတိယပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ် ရှိ

Uruguay'sSuarez reacts during their international friendly soccer match against Austria in Klagenfurtတိုက်စစ်မှူး လူးဝစ် ဆွာရက်အနေနဲ့ အင်္ဂလန်နဲ့ ကစားမယ့် အုပ်စု ဒုတိယပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိတယ်လို့ ဥရုဂွေးနည်းပြ အော်စကာ တာဘာရတ်က ပြောဆိုလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ကော်စတာရီကာကို ၃ ဂိုး ၁ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ဒဏ်ရာကြောင့် အရန်ထိုင်ခုံပေါ်မှာပဲ နေခဲ့ရတာပါ။ အင်္ဂလန်နဲ့ ကစားဖို့က ၄ ရက်တောင် လိုပါသေးတယ်။ တကယ်လို့ သူ့ဒဏ်ရာက သက်သာလာရင် ကစားခွင့် ရနိုင်ပါတယ်လို့ နည်းပြက ပြောပါတယ်။ ဒါ့အပြင် ကော်စတာရီကာကို ရှုံးလိမ့်မယ်လို့ မျှော်လင့်မထားကြောင်းနဲ့ အင်္ဂလန်နဲ့ပွဲမှာ အသင်းရဲ့ ကစားပုံ တိုးတက်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up