Sunday, June 11, 2023
HomeLead Storyရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပေးမှု ထပ်မံကန့်သတ်

ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပေးမှု ထပ်မံကန့်သတ်

အများပြည်သူ လျှပ်စစ်မီးပေးစနစ်အတွင်း ဓာတ်အားသုံးစွဲနေတဲ့ ရန်ကုန်မြို့ ရပ်ကွက်/ကျေးရွာတွေအတွင်းက စီးပွားရေးလုပ်ငန်းတွေကို ညနေပိုင်း လျှပ်စစ်ဓာတ်အား အသုံးပြုခွင့် တလခန့် ထပ်မံကန့်သတ်လိုက်ပါတယ်။

အဆိုပါလုပ်ငန်းတွေအနေနဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ညနေ ၅ နာရီကနေ ည ၁၁ နာရီအတွင်း ဌာနကဖြန့်ဖြူးတဲ့ လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းဆောင်ရွက်ခြင်းမပြုဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က မတ်လ ၂၈ ရက်မှာ အသိပေး ထုတ်ပြန်ခဲ့တာပါ။

အဲဒီကန့်သတ်ချိန်အတွင်း ဌာနကဖြန့်ဖြူးတဲ့ လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သတိပေးထားပါတယ်။

အခုနှစ် နွေရာသီကာလအတွင်း ဓာတ်အားသုံးစွဲမှု မြင့်တက်လာတာ၊ ဓာတ်အားပေးစက်တွေကို နှစ်စဉ် ပုံမှန်ထိန်းသိမ်းပြုပြင်မှုတွေ လုပ်ဆောင်ရတာ၊ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုနဲ့ သုံးစွဲမှု မမျှတတာတွေကြောင့် နိုင်ငံတော်ဓာတ်အားစနစ် အတွင်း အရေးပေါ် ဝန်အားလျှော့ချရတာ၊ အလှည့်ကျ ဝန်အားလျှော့ချရတာတွေ ပြုလုပ်ပြီး ဓာတ်အားဖြန့်ဖြူးပေးနေရတဲ့အတွက် ဓာတ်အားထုတ်လုပ်ပို့လွှတ်ပေးနိုင်မှု အခြေအနေအရ အခုလို ကန့်သတ်ရခြင်းဖြစ်တယ်လို့ YESC က ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular